မိမိတို့၏ ဂိမ်းထဲမှ Virtual Objests များ၏ အလေးချိန်အား ခံစားနိုင်မည့် Game Controller

ပို့စ်တင်ချိန် - 2/02/2014 06:00:00 AM


World Wide ပြန်ဆိုသည်

ဂိမ်းခလုတ်များ (Controllers) များ၏ တုံ့ပြန်နိုင်မှုသည် Nintendo 64 အား စတင်အသုံးပြုခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ ထူးခြားစွာ တုံ့ပြန်နိုင်မှုများ မရှိသေးပေ။ မကြာသေးမီကထုတ်လုပ်ခဲ့သည့် PlayStation 4 နှင့် Xbox One များတွင်လည်း အသုံးပြုသော Controllers များအနေဖြင့် ဂိမ်းကစားသည့်အခါ Virtual Avatar များ တစ်ခုခုဖြစ်သွားပါက တုံ့ပြန်နိုင်မှုမှာ ၄င်းတွင် ပါဝင်သော ဘု တုန်ခါသွားခြင်း၊ သို့မဟုတ် လက်ကိုင်တုန်ခါခြင်းဖြင့် ကစားသူအား သတိပေးခြင်းများသာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့် ဂိမ်းကစားသူအား အသစ်ခံစားမှုရရှိနိုင်စေရန်အတွက် Reactive Grip Controller အမျိုးအစားတစ်ခုအား (ပုံတွင်ပြထားသည့်အတိုင်း) Tactical Haptics အသင်းမှ တီထွင်ခဲ့ကြပြီး အဆိုပါ ဂိမ်းခလုတ်အနေဖြင့် ဂိမ်းထဲမှ Virtual Objects များ၏ အလေးချိန်အား ခံစားသိရှိနိုင်မည်ဖြစ်ပါသည်။

သင့်အနေဖြင့် ဂိမ်းထဲမှာ လေးလံသောအရာဝတ္တုတစ်ခုအား မယူလိုက်ပါက ဂိမ်းခလုတ်တွင် ပါဝင်သော plates ပြားများမှ တစ်ဆင့် အရုပ်အလေးချိန်အား ဖော်ပြပေးမည်ဖြစ်ပါသည်။ နားလည်အောင် ရှင်းပြရလျှင် သင့်အနေဖြင့် ဂိမ်းထဲတွင် ဓားကို သင့်၏ ခေါင်းပေါ်သို့မယူလိုက်ပါက Plates ပြားများအနေဖြင့် သင့်လက်၏ ဆွဲယူမှုကို ဆန့်ကျင်မည်ဖြစ်ပြီး တကယ့်ဓားအားမတင်လိုက်ရသလို အလေးချိန်အား ခံစားစေမည် ဖြစ်ပါသည်။

သို့သော်ကန့်သတ်ချက်အနေဖြင့် အဆိုပါ ဂိမ်းခလုတ်အား ကွန်ပျူတာဂိမ်းများတွင်သာ အသုံးပြုနိုင်သည်ဟု သိရပါသည်။

TechSpace Journal