ပထမဆုံး 3D- printed စမတ်မီးအိမ်များ

ပို့စ်တင်ချိန် - 3/31/2014 04:11:00 PM


ယခု တစ်လောအနေနဲ့ စမတ်မီးသီး၊ မီးအိတ်တွေအပြင် 3D- printed အရာဝတ္တုတွေဟာစမတ်အိမ်တွင်းနည်းပညာတွေထဲမှာ တော်တော်လေး ခေတ်စားလာတာကိုတွေ့ရပါတယ်။ အခုဖော်ပြမှာကတော့ နယ်သာလန် အခြေစိုက် ဒတ်ခ်ျ နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Philips မှာ ထုတ်လုပ်ထားတဲ့
3D- printed စမတ်မီးအိမ် အကြောင်း သတင်းပဲ ဖြစ်ပါတယ်။ ထို မီးအိမ်ဟာဆိုရင် တစ်ခြား စမတ်မီးအိမ်တွေလိုမျိုးပဲ ဖုန်း app
မှ တစ်ဆင့် ထိန်းချုပ် နိင်အောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထုတ်တာကတော့ appကနေတစ်ဆင့် ထိန်းချုပ်နိင်တဲ့ မီးသီးကနေ အရွေ့စွမ်းအင်နဲ့ ဖြစ်တဲ့
မီးခလုတ် အထိ ဖြစ်ပါတယ်။ ထို မီးအိမ်ဟာဆိုရင် ကုမ္ပဏီရဲ့ app ထိန်းချုပ်မူတွေကတစ်ဆင့် setting တွေကို ထိန်းညှိနိင်မဲ့ အပြင် မီးအိမ်ပေါ်မှာ
အရောင်ပေါင်း ၁၆ သန်းထက်ပိုတဲ့ အရောင်တွေကို သက်ရောက်နိင်မှာ ဖြစ်ပါတယ်။ အလင်းရောင်ကို နေ့အချိန် ၊ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ အား
ဖြင့်လည်း အခြေခံကာ စီမံထားနိင်ပါတယ်။ ထို 3D မီးအိမ်မှာပဲ စားပွဲတင် မီးအိမ် ( $4,445 ) နဲ့ ဆွဲသီး မီးအိမ် ( $4,135) ဆိုပြီး ထုတ်လုပ်ထားကာ
Meethue.com မှာ မတ်လ ၃၁ ကနေစပြီး ကြိုတင် အော်ဒါပေးကာမှာ ယူနိင်ပါတယ်။

Smart Pro Journal