အော်ရီဒူးကုမ္ပဏီ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်

ပို့စ်တင်ချိန် - 3/05/2014 07:29:00 PM


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်ခဲ့ပြီလို့ မတ် ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကွန်ရက်မှာ အသံလှိုင်းအရည်အသွေး စမ်းသပ်တာ၊ စာတိုပေးပို့တာနဲ့ အင်တာနက် အသုံးပြုတာတွေ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ သူ့ရုံးချုပ် အခြေစိုက်တဲ့ အမ်အိုင်စီတီ ပတ်စ် (MICT Park)နဲ့ အနီးနားပတ်ဝန်းကျင်မှာ စမ်းသပ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၃၀ ရက်နေ့က အော်ပရေတာလိုင်စင်ရခဲ့တဲ့ အော်ရီဒူးဟာ ၆ လ အတွင်း မိုဘိုင်းဖုန်း ဆင်းကဒ်တွေ စတင်ရောင်းချနိုင်အောင် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

DVB Burmese