ရေအောက်တွင် 4K ဗီဒီယိုရိုက်နိုင်သည့် Sony Xperia Z2

ပို့စ်တင်ချိန် - 3/03/2014 12:47:00 PM


အတွဲ (၁၅)၊ အမှတ် (၁၀)
Mon, 03/03/2014 - 10:55

ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် Mobile World Congress တွင် Sony သည်ရေစိုခံ Android ထုတ်ကုန်များဖြစ်သည့် Xperia Z2 စမတ်ဖုန်းနှင့် Z2 tablet များကိုထုတ်ဖော် ပြသခဲ့သည်။

အဆိုပါ Z2 ထုတ်ကုန်များတွင် Sony ၏ HDTV များတွင်ပါဝင်သော Live Color LED နည်းပညာကို အသုံးပြုထားသောကြောင့် ၁၀.၁ လက်မရှိ tablet နှင့် ၅.၂ လက်မရှိဖုန်းများတွင် HD များကိုကြည့်ရှုနိုင်သည်။ Sony ကအခြားထုတ်ကုန်များထက် ပိုမိုထင်းကာကြွယ်ဝသော အရောင်ကိုမြင်တွေ့ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ Z2 ဖုန်းတွင် 20.7 megapixel sensor ပါဝင်လျက်ရှိသောကြောင့် ဗီဒီယိုရိုက်ကူးနိုင်သလို ရေအောက်တွင် high definition ဗီဒီယိုရိုက်ကူး၍လည်းရသည်။

Z2 tablet တွင်မူဖုန်းကဲ့သို့ megapixel မြင့်မားသောကင်မရာ ပါရှိသော်လည်း Sony ၏ဆူညံသံလျှော့ချပေးခြင်း၊ ဆူညံသည့်နေရာများတွင် ပိုမိုကောင်းမွန်သည့် အသံထုတ်လွှင့်ပေးခြင်းစသည့် feature များပါဝင်သည်။ အဆိုပါ ထုတ်ကုန်နှစ်ခုစလုံးကို လာမည့်လတွင် တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

-စိုးထက်
Ref: Yahoo
myanmarinternetjournal