တိုင်းရင်းသားအရေးနဲ့ 68 Residence – စည်သူအောင်မြင့်

ပို့စ်တင်ချိန် - 3/22/2014 06:28:00 PM


ဗမာစစ်ဗိုလ်ချုပ်တွေကိုပဲ အတုခိုးပြီး သေနတ်ကိုင်ထားသူတွေပဲ နေရာတကာခေါင်းဆောင် မလုပ်ကြနဲ့တော့၊ နိုင်ငံရေး လုပ်တတ်သူတွေ၊ စီးပွားရေး လုပ်တတ်သူတွေ၊ အခြားပညာရှင်တွေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူ၊ ကိုယ့်ပြည်နယ်အကျိုး တစ်ပြိုင်နက်တည်း လုပ်ကြဖို့လိုပြီ …

လာကပေါ်- ပြီးခဲ့တဲ့ ရက်ပိုင်း သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ကချင် ပြည်နယ် ခရီးထွက်တယ်နော်။ ဘာ အဓိပ္ပာယ်ဆောင်သလဲ။

အောင်ကျော်- ကျွန်တော့် စိတ်ထင် အခုငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ကေအိုင်အိုနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင် သေးတာက ပြဿနာ။ နောက် ဃြဃွှ လို့ခေါ်တဲ့ တိုင်းရင်းသားတွေရဲ့ တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့မှာလည်း ကေအိုင်အိုက သဘောထားတင်းမာ သူဆိုပြီး နာမည်ထွက်တယ်။ ဆိုတော့ ကချင် တိုင်းရင်းသားတွေကို စည်းရုံးဖို့ဟာ အရေးကြီးတယ်ဆိုတာ နားလည်တော့ ခုလို ခရီးထွက်တယ် ထင်တာပဲ။

လာကပေါ်- အင်း ဟုတ်တယ်။ ကျွန်တော့်အသိ ကချင်တွေကို မေးကြည့် တော့ ခုလို ကေအိုင်အိုက အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင်သေးတာ ကချင် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ သဘော ထားလည်း ပါတယ်လို့ ပြောနေကြတယ်။…

အောင်ကျော်- ကျွန်တော် အတိ အကျတော့ မသိဘူး။ ပိုပြီး အသံကျယ်တဲ့ အဖွဲ့တွေကတော့ အဲလိုပြောနေ ဆိုနေကြတာ ကြားရတယ်။ ဒါကြောင့် အခု သမ်္မတ ဦးသိန်းစိန် သွားတော့ ကချင်လူမှု အဖွဲ့အစည်း တာဝန်ရှိ သူတွေနဲ့ တွေ့ တယ်၊ ခရစ်ယာန် ဘာသာရေး ဆရာတွေ နဲ့ တွေ့တယ်။

လာကပေါ်- တွေ့တော့-

အောင်ကျော်- သတင်းတွေထဲဖော်ပြ တာကတော့ သမ္မတ ဦးသိန်းစိန်က အပစ်ရပ် လက်မှတ်ထိုးမယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ စမယ်ဆိုပြီး ရှင်းပြ တယ်၊ အဲ ကချင် တိုင်းရင်းသားတွေဘက် ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပေးပါဆိုပြီးတင်ပြ သတဲ့။ နိုင်ငံရေး တောင်းဆိုချက်ပေါ့ဗျာ။

လာကပေါ်- နောက်တော့ကော-

အောင်ကျော်- နောက် သမ္မတခရီးစဉ်မှာ ကာချုပ်လိုက်သွားတယ် ဆိုတာက အစိုးရနဲ့တပ်မတော် တစ်သား တည်း ရှိနေတယ် ဆိုတာကို ပြဖို့ ရည်ရွယ်တယ်လို့ ထင်တယ်။ ဘာကြောင့်ဆို ရှေ့ပိုင်းမှာ ဆွေးနွေးပွဲတွေ လုပ်တိုင်း အစိုးရတာဝန် ရှိသူတွေနဲ့ပဲ လုပ်နေရတယ်။ တပ်က သိပ်မပါဘူး။ အစိုးရနဲ့ သဘောတူပေမယ့် တပ်က တိုက်တာပဲ။ သမ္မတက တပ် အပေါ် သြဇာမညောင်းဘူး စသဖြင့် ပြော ဆို ဝေဖန်နေကြတာ ရှိတော့ အဲလိုမဟုတ်ဘူးဆိုတာ ပြတဲ့ သဘောပေါ့ဗျာ။

လာကပေါ်- ဟုတ်တယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတောင် ဗိုလ် ချုပ် ၅ ယောက်၊ ၆ ယောက်လောက် ပါ လိုက်သေး။ တိုင်းရင်းသားကိုယ်စားလှယ် တွေကလည်း တပ်အပေါ် ယုံကြည်မှု တိုး လာတယ်လို့ ပြောကြ တာပဲ။

အောင်ကျော်- မှန်တယ်။

လာကပေါ်- ဒါဆိုရင် အစိုးရဘက်က ဆန္ဒရှိသလို လာမယ့် သြဂုတ်လ ၁ ရက် မတိုင်ခင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ရေး ထိုးနိုင်မယ်လို့ ခင်ဗျား ထင် သလား။

အောင်ကျော်- ကျွန်တော်တော့ မထင်ဘူး။ အစိုးရဘက်ကတော့ အဲလို တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးချင်တဲ့အခါကျတော့ အစိုးရ၊ တပ်၊ အားလုံး အင်တိုက် အားတိုက် လုပ်မှာပဲ၊ လုပ်လည်း လုပ်နေတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ အဲလို ဆန်္ဒမရှိရင် ဖြစ်နိုင်ဖို့ မလွယ်ဘူး။ တိုင်းရင်း သားတွေက အဖွဲ့လည်း များ တယ်၊ အမြင်လည်း မတူကြဘူး။ အခြေ စိုက်တဲ့ နေရာတွေကလည်း ပြန့်ကျဲနေ တယ်။ အဲတော့ ခက်တယ်။

လာကပေါ်- အဓိက ဘာပြဿနာ ကြောင့်လို့ ထင်သလဲ။

အောင်ကျော်- ကျွန်တော် ဟိုတစ် ခေါက် ပြောဖူးသလိုပေါ့။ အဲလို တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ရပ် စာချုပ် ကြီးကို မြန်မာသိ၊ ကမ္ဘာသိ လက်မှတ်ရေးထိုးဖြစ် လိုက်ရင် ဦးသိန်းစိန် အစိုးရ အကြီး အကျယ် နာမည်ကောင်း ရသွားမယ်၊ အမြတ်ထွက်သွားမယ်၊ ကမ္ဘာကလည်း ချီးမွမ်းကြမယ်၊ ဆိုတော့ နောက်ပိုင်း ငါတို့ကိုသိပ် ဂရုမစိုက် ဘဲ နိုင်ငံရေး လိုလားချက်တွေ လိုက်လျောမပေးရင် ဘယ် လိုလုပ်မလဲ၊ စသဖြင့် စိုးရိမ်စိတ်တွေပေါ့ ဗျာ။ အဲဒါ အဓိကပဲ ထင်တယ်။

လာကပေါ်- အဲဒါက မြို့ပေါ် အင် အားစုတွေမှာတောင် ရှိတာပဲ။ ကျွန်တော် တို့ တိုင်းရင်းသားတွေဘက်မှာ ရှိတာက ရော သဘာဝမကျဘူးလား။

အောင်ကျော်- သဘာဝကျတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ လိုလား တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တိုက်ပွဲ ပုံစံတွေ ပြောင်းစပြုလာနေပြီဆိုတာ သိဖို့ တော့လိုတယ်။

လာကပေါ်- ဘာဆိုလိုတာလဲ။

အောင်ကျော်- သြော် အရင်က လက်နက်နဲ့ ဖိနှိပ်လို့ လက်နက်နဲ့ တွန်းလှန်တယ်လေ။ နှစ်ဖက်စလုံး မအောင်မြင်ဘူး မဟုတ်လား။

လာကပေါ်- အင်းလေ။

အောင်ကျော်- အခု အစိုးရနဲ့စစ်တပ် ဘက်က သံန်္နိဋ္ဌာန်ဟာ ပစ်ခတ် တိုက်ခိုက်ရေး မဟုတ်တော့ဘူး။ သူတို့ တည်ငြိမ်မှုလိုချင်တယ်။ သူတို့လိုချင်တာကို သူတို့လည်း လက်နက်နဲ့ တိုက်ယူတာ မဟုတ်ဘဲ အခြားနည်းနဲ့ ရအောင်ကြိုးစားမယ် ဆိုတဲ့ သဘောမျိုး။

လာကပေါ်- အစိုးရ စစ်တပ် လက်နက်တွေ ပုံမှန် ဖြည့်တင်းနေတယ်လေ၊ တစ်လောကတောင် စစ်ရေး လေ့ကျင့်တာတွေ လုပ်နေတယ်။ နောက် အနောက်နိုင်ငံ စစ်တပ်တွေနဲ့ ဆက်ဆံရေးကလည်း ကောင်းလာ နေတယ်။ ဆိုတော့-

အောင်ကျော်- ကျွန်တော် အဲဒါ အမြဲပြောနေတယ်လေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကိုယ့် တပ်ဖွဲ့ကို ကိုယ်ကျစ်လျစ်အောင်လုပ်၊ အရည်အချင်းရှိတဲ့ တပ်ဖြစ်အောင်လုပ်၊ လက်နက်နဲ့ ဖိနှိပ်မှုရှိလာ ရင် လက်နက်နဲ့ တွန်းလှန်နိုင်အောင် အမြဲတမ်း အဆင်သင့် ဖြစ်အောင်ပြင်ထားလေ၊ ကျွန်တော် အဲဒါ အမြဲပြော နေတာပဲ။ ဒါပေမဲ့ တပ်ကိုပဲ ဖက်တွယ်ထားရုံ တစ်ခုတည်း မရတော့ဘူး ဗျ။

လာကပေါ်- ဘာကြောင့်လဲ။

အောင်ကျော်- တိုင်းရင်းသားတွေ လက်နက်ကိုင်စွဲ တွန်းလှန်ရတာ ဘာရည် ရွယ်ချက်လဲ၊ အဲဒီရည်ရွယ်ချက် မပြည့် မချင်း လက်နက်ကိုင်စွဲထားတာ စွန့်ဖို့ မဟုတ်ဘူး၊ ဒါအမှန်တရား၊ ဒါပေမဲ့ တစ်ပြိုင်နက်တည်း တိုက်နေ ခိုက်နေရင်း ကိုယ့်လူမျိုး ကိုယ့်ပြည်သူ ပိုဒုက်္ခရောက်၊ ပိုဆင်းရဲ၊ ပိုပြီး ပညာမဲ့ ဖြစ်သွားလို့တော့ မရဘူးလေ။

လာကပေါ်- ဆိုတော့-

အောင်ကျော်- အခွင့်ရသလောက် နိုင်ငံရေး လုပ်ရမယ်၊ ကိုယ့်လူမျိုး နိုင်ငံ ရေး၊ ကိုယ့်ပြည်နယ် နိုင်ငံရေး၊ တစ်တိုင်း ပြည်လုံး နိုင်ငံရေး အားလုံးမှာ ပါဝင်ရမယ်။ နောက်ကိုယ့်လူမျိုး ကိုယ့်ပြည်သူ ဖွံ့ဖြိုး တိုးတက်ရေး တစ်ပြိုင်နက်တည်း လုပ်ရမယ်။ ဒီမယ် အခု ကျွန်တော်ပြောမယ်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ စစ်ဗိုလ်ချုပ်တွေ သူတို့ ပေါ်လစီပြောင်းတော့ နိုင်ငံတကာက လည်း သူတို့အပေါ် ပြောင်းလဲ ဆက်ဆံ လာတယ်၊ အကူအညီ တွေပေးတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနေကြပြီ။ အဲဒါတွေ တိုင်းရင်းသားဒေသတွေဆီ မရောက်သင့်ဘူးလား၊ တိုင်းရင်းသားတွေ ရော မခံစားသင့်ဘူးလား။

လာကပေါ်- အင်း ဟုတ်တယ်။ ဒီရက်ပိုင်း ရွှေနန်းတော် စိန်နန်းတော် အုပ်စုက စင်ကာပူ ကုမ္ပဏီတွေနဲ့ ပေါင်း ပြီး 68 Residence ကြီး ဆောက်တော့မယ်။ နောက် သီလ၀ါအထူးဇုန်အကြီးကြီး ပေါ် လာတော့မယ်။ အဲဒါ တွေနဲ့ ကျွန်တော့် ဇာတိမြေ ချိန်ထိုးကြည့်နေတာပါ။ ကွာ သွားတော့မယ်နော်။ ၀မ်းနည်းတယ်။

အောင်ကျော်- အဲဒါပေါ့ဗျာ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက် လှည့်ပြောရ မှာက အရင် ဗမာ စစ်ဗိုလ်ချုပ် တွေကိုပဲ အတုခိုးပြီး သေနတ်ကိုင်ထားသူတွေပဲ နေရာတကာ ခေါင်းဆောင်မလုပ်ကြနဲ့တော့၊ နိုင်ငံရေး လုပ်တတ်သူတွေ၊ စီးပွားရေး လုပ်တတ်သူတွေ၊ အခြားပညာရှင်တွေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူ၊ ကိုယ့်ပြည် နယ်အကျိုး တစ်ပြိုင်နက်တည်းလုပ်ကြဖို့ လိုပြီလို့ပဲ ပြောလိုက်ချင်တယ်ဗျာ။

လာကပေါ်- တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့ကို ဗမာ စစ်ဗိုလ်ချုပ်တွေနဲ့ နှိုင်းရင် သိပ် စိတ်ဆိုး တာဗျ။

အောင်ကျော်- မတတ်နိုင်ဘူးလေဗျား- ပြောစရာရှိတာတော့ ပြောရမှာပဲ။ ဟားဟား ဟား။

မြန်မာသံတော်ဆင့်