Android အမေးအဖြေ

ပို့စ်တင်ချိန် - 3/07/2014 11:08:00 AM


ကျွန်တော့်ရဲ့ဖုန်းက Samsung Galaxy Grand ဖုန်းပါ။ ဖုန်းက အားသွင်းတဲ့အခါမှာ ၂ နာရီ ခွဲလောက် ကြာနေပါတယ်။ ပြီးတော့ Device Memory ကပြည့်တော့မလို ဖြစ်နေပါတယ်။ App တွေကို Install လုပ်လို့မရတော့ဘူး ဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုဖြေကြား ပေးစေချင်ပါတယ်။

ဖုန်းကိုအားသွင်းတဲ့အခါမှာ ကြာချိန်ဆိုတာကတော့ ကိုယ့်ဖုန်းရဲ့ အသုံးပြုထားတဲ့ ဘက်ထရီစနစ်နဲ့ အားသွင်းကြိုးတွေနဲ့ Adaptar တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အားသွင်းတဲ့အခါမှာ အချိန် ၂ နာရီခွဲလောက် ကြာတယ်ဆိုတာက ဒါကပုံမှန်အခြေအနေမျိုးလောက်ပဲ ရှိပါတယ်။ အချို့ဖုန်းတွေမှာ ဘက်ထရီကလုံးဝ ကုန်ခါနီးထိ ဖြစ်သွားတဲ့ထိ အသုံးပြုလိုက်တယ်ဆိုရင် အားသွင်းချိန်ဟာ ၄ နာရီ ၅ နာရီလောက်ထိ ကြာတတ်ပါတယ်။ ဖုန်းရဲ့မှတ်ဉာဏ်စနစ်က ပြည့်တော့မယ်ဆိုတာကတော့ ကိုယ်အသုံးပြုထားတဲ့ Memory စနစ်ကိုပြန်စစ်ဆေးကြည့်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ဖုန်း Memory ကိုအသုံးပြုထားတာက များပြီးပြည့်နေတာဆိုရင်တော့ ဒါကဘယ်လိုမှလုပ်လို့ မရပါဘူး။ ဖုန်းမှတ်ဉာဏ်ပြည့်နေရင်တော့ App တွေကို Install လုပ်ချင်တယ်ဆိုရင် Memory Card ထဲကိုပြောင်းပြီး Install လုပ်မယ်ဆိုရင် ရနိုင်ပါတယ်။ ဖုန်းရဲ့မှတ်ဉာဏ်တွေထဲမှာ တစ်ခါတစ်ရံ Temp ဖိုင်တွေများလာပြီး ဖုန်းရဲ့မှတ်ဉာဏ်ပြည့်သွား တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ဖုန်းမှတ်ဉာဏ်ထဲမှာ Temp ဖိုင်တွေဖွင့်လို့မရဘဲနဲ့ Memory တွေကိုအများကြီး အသုံးပြုပြီးသိမ်းထားတဲ့ ဖိုင်တွေရှိမရှိကို စစ်ဆေးရပါလိမ့်မယ်။ အဲဒီလိုမျိုးဖိုင်တွေ ရှိနေတယ်ဆိုရင်တော့ အဲ ဒါတွေကိုဖျက်ပစ်မှပဲ ရနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး Temp ဖိုင်တွေက ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေဆီကနေ ပွားပြီးဖြစ်လာတတ်တဲ့ ဖိုင်တွေဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေက ဖိုင်အနေနဲ့ရှိနေပြီး ဖွင့်လို့မရတာမျိုး ဖြစ်နေတတ်ပါတယ်။ အဲဒါတွေကို ရှင်းပစ်သင့်ပါတယ်။ မလိုအပ်ဘဲမှတ်ဉာဏ် အသုံးပြုနေတဲ့ Temp ဖိုင်တွေကို ရှင်းချင်တယ်ဆိုရင်တော့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ရှင်းတာ အကောင်းဆုံးပါပဲ။



-ကိုသက်
Internet Journal