APP Expo 2014 ပြပွဲ

ပို့စ်တင်ချိန် - 3/07/2014 12:00:00 PM


မတ်လ ၈ရက် (စနေနေ့) နှင့် မတ်လ၉ရက် (တနင်္ဂနွေနေ့) တွင်
ရန်ကုန် တက္ကသိုလ်၊ လှိုင်နယ်မြေ MICT Park မှာ ဒုတိယ ကြိမ်မြောက် APP Expo 2014 ပြပွဲ ကျင်းပပြုလုပ်မည့် လို့ သိရပါတယ်။

နည်းပညာကုမ္ပဏီများနှင့် Developer များမှ App အသစ် များကို မိတ်ဆက်ပြသမှာ ဖြစ်ပြီး မတ်လ ၈ရက် စနေနေ့တွင် အလုပ်ရုံဆွေးနွေးပွဲများပါ
ကျင်းပမည်ဖြစ်တယ်လို့ ဆိုပါတယ်။ Sporser များအနေနဲ့ Ooredoo နှင့် SQUAR တို့မှ အဓိကကူညီပံ့ပိုးပေးထားပါတယ်။

Application/Software Development ပိုင်းကို စိတ်ပါဝင်စားသူများ၊ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားသူတို့ လာရောက်
လေ့လာကြည့်ရှု ကာ ပါဝင်ဆွေးနွေးသင့်သော ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။

နည်းပညာနဲ့ ပတ်သတ်ပြီး ဈေးကွက်ရှာနေသူတွေအတွက်လည်း တစ်နေရာတည်းမှာရှာဖွေနိုင်မှာ ဖြစ်တဲ့အတွက် လက်မလွတ်ခံသင့်သော ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ှSQUARကုမ္ပဏီမှလည်း ပွဲအတွင်း ဂိမ်းများကျင်းပပေးကာ အနိုင်ရရှိသူများကို ဆုများချီးမြှင့်ပေးခြင်း၊ ပြပွဲလာရောက်သူများအား Gamesနှင့် Applications
များအခမဲ့သွင်းပေးခြင်းများ ပြုလုပ်မှာ ဖြစ်ပါတယ်။

Official Wesite တစ်ခုဖြစ်တဲ့ www.appexpo2014.com တွင် အသေးစိတ်လေ့လာနိင်ပါတယ်။ မြန်မာနိင်ငံတွင်း Best Myanmar mobile app award 2013 တွေကိုလည်း
ထို ၀က်လ်ဆိုဒ်တွေ Vote ၀င်ရောက် ပေးနိင်မှာ ဖြစ်ပါတယ်။

Smart Pro Journal