Apple နှင့် Samsung တို့ အံ့အားသင့်ဖွယ် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေကြောင်း နည်းပညာရှင်များဆို

ပို့စ်တင်ချိန် - 3/04/2014 08:19:00 PM


Sillicon Valley၊ မတ် ၃

မူပိုင်ခွင့် ပြဿနာများကြောင့် အမြဲတစေ တရားရင်ဆိုင်လျက်ရှိသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများဖြစ် သည့် Apple နှင့် Samsung တို့မှာ စီလီကွန်တောင်ကြား၏ အကြီးကျယ်ဆုံး ပူးပေါင်းလုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နည်းပညာလေ့လာဆန်းစစ်ရေး အဖွဲ့ဖြစ်သော VLSI က ပြော ကြားသည်။

နည်းပညာ ပစ္စည်းများအကြောင်း လေ့လာဆန်းစစ်သည့်အဖွဲ့ဖြစ်သော VLSI ၏ CEO ဖြစ်သူ Dan Hutcheson က Apple အနေဖြင့် ၎င်း၏ iPhone များအတွက် processor များကို Samsung ကသာမှာ ယူလျက်ရှိကြောင်း၊ ယခုလက်ရှိ iPhone 5S တွင် ပါဝင်သော 64-bit Apple A7 processor ကိုလည်း Samsung က ထုတ်လုပ်ထားပေးခြင်းဖြစ်ကြောင်း ဆိုသည်။ Apple A7 processor ကို iPhone 5S၊ iPad Air နှင့် iPad Mini Retina တို့တွင် အသုံးပြုထားသည်။

တောင်ကိုရီးယားအခြေစိုက် Samsungနှင့်Apple တို့ မူပိုင်ခွင့်ကိစ္စရပ်များကြောင့် တရားရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်း Samsung နှင့် Appleသို့ နည်းပညာပစ္စည်းများ ထုတ်လုပ်ပေးနေမှုကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်အချိန်တွင်Apple ၏ ရှေ့ဆက်ထွက်ရှိလာမည့် proces- sor များကို တိုင်ဝမ်အခြေစိုက်Taiwan Semiconductor Man-ufacturing Co. (TSMC) မှ ဆက်လက် ထုတ်လုပ်ပေးသွားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

“အဲဒီအချိန်က Samsung ရဲ့ ထုတ်ကုန်တွေအားလုံး ပြတ်လပ်သွားခဲ့တာ ကျွန်တော်တို့ မျက်မြင်ပဲ၊ အခု ရုတ်တရက် ပြန်ထွက်လာတာ အံ့သြစရာပဲ”ဟု Hutcheson က ပြောကြားသည်။ ထို့နောက် Samsung အနေဖြင့် အကျိုးအမြတ်များစွာရရှိနေသော Apple ၏ processor များ ထုတ်လုပ်မှုကို TSMC ကုမ္ပဏီသို့ လွှဲပြောင်းပေးလိုခြင်းမရှိသည့်အတွက် အမေရိကန်အခြေစိုက် processor ထုတ်လုပ်သူ Globalfound- ries ကုမ္ပဏီနှင့် ပူးပေါင်းထားသည်ဟု ၎င်းမှဆက်လက်၍ ပြောကြားခဲ့သည်။

TSMC ကုမ္ပဏီမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး Processor ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့်အတွက် Apple အနေဖြင့် လာမည့်ကာလများတွင် ပူးပေါင်းကောင်း ပူးပေါင်းနိုင်သော်လည်း ကာလကြာရှည်စွာ လက်တွဲခဲ့သည့် Samsung နှင့် လက်တွဲဖြုတ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း Hutcheson က ခန့်မှန်း သည်။Samsung အနေဖြင့် Apple ၏ processor များကို ထုတ်လုပ်ရန် IBM၊ GlobalFoundries တို့နှင့် ပူးပေါင်းထားသည်။

Globalfoundries ကုမ္ပဏီသည် နယူးယောက်မြို့တော် Malta ၌ ဘီလီယံပေါင်းများစွာဖြင့် တည်ဆောက် ထားသောကုမ္ပဏီဖြစ်ပြီး မကြာသေးမီကာလအတွင်း လုပ်ငန်းများတိုးချဲ့ရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထပ်မံရင်နှီးမြှုပ်နှံမှုများလည်း ပြုလုပ်ထားသည်။

Tech Crunch
Mizzima Burmese