Apple ဒီဇိုင်နာ ဖန်တီးသော စားပွဲခုံ

ပို့စ်တင်ချိန် - 3/07/2014 08:41:00 PM


ဒီဇိုင်းအတွေးအမြင်ကောင်းရှိသူ တစ်ယောက်က ဘာပဲဖန်တီးဖန်တီး ကြည့်လို့ကောင်းနေတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ စားပွဲခုံဟာ Apple ရဲ့  ဒီဇိုင်နာ Jony Ive ကလုပ်တယ်လို့ ပြောလိုက်ရင် မသိသေးသူ များအတွက် ကတော့ အံ့သြစရာပါ။ ဒီဇိုင်း Vice President ရာထူးယူးထား တဲ့ Jony Ive ရဲ့  iPhone နဲ့ Apple Produt များကို မြင်တွေ့နေကျ သူများအတွက်ကတော့ မထူးခြားတော့တဲ့ ဆန်းသစ်မှု တစ်ခု ဖြစ်ပါတယ်။

Apple Macbook တွေကို တင်ပြီး အသုံးပြုလို့ကောင်းမယ့် အသင်လျော်ဆုံး စားပွဲလို့ ဆိုပါတယ်။ Red Desk လို့ အမည်ပေးထားပါတယ်။ ယင်း စားပွဲကို အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားတာပါ။ ပါးလွှာပြီး သန်မာ၊ ကြံ့  ခိုင်၊ သပ်ရပ်တဲ့ ဒီဇိုင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာ တစ်လုံးနဲ့ ရွှေ အစစ်ဖြင့်ပြုလုပ် Apple earpod လည်း ပါဝင်ပါတယ်။ အားလုံးကို လေလံ တင်ဖို့ပါ။ လေလံတင်ပြီး ရရှိတဲ့ငွေနဲ့ AIDS ပရောဂျက်များမှာ လှူဒါန်းဖို့ ဖြစ် ပါတယ်။

ယင်း အလူမီနီယံ စားပွဲခုံ ( Red Desk ) နဲ့ အခြား ပစ္စည်း ၂ မျိုးကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ လေလံတင် ရောင်းချသွား မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Smart Pro Journal