ကြားဖြတ် ရွေးကောက်ပွဲ ဒုတိယ အကြိမ် ပြုလုပ်မည်

ပို့စ်တင်ချိန် - 3/22/2014 07:07:00 PM


လစ်လပ် နေသော မဲဆန္ဒ နယ်ပေါင်း (၃၀) ရှိနေ သောကြောင့် ဒုတိယ အကြိမ် မြောက် ကြားဖြတ် ရွေး ကောက်ပွဲ ကို ၂၀၁၄ ခုနှစ် အတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြော ကြားသည်။ မတ်လ (၂၀) ရက်နေ့ က ပြုလုပ် သော ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် လှည်းကူး မြို့နယ် မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရန် အစီ အစဉ် ရှိ၊ မရှိနှင့် ကျင်းပ မည့် နေ့ရက် ကို မည်သို့ ကြိုတင် ကြေညာ ပေးမည် ကို မေးမြန်းခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ က လာ ရောက် ဖြေကြား ခဲ့ ခြင်း ဖြစ် သည်။ လစ်လပ်မဲ ဆန္ဒနယ် (၂၈) နယ် မှာ ဒုတိယ အ ကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် အစီ အစဉ် ရှိပါတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပမည့် နေ့ကို အနည်းဆုံး သုံးလ ကြိုတင် ကြေညာ ပေးမှာ ဖြစ် ပါတယ် ဟု ကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။ လွှတ်တော် သက်တမ်း သုံးနှစ် ကျော် အတွင်း အကြောင်း အမျိုးမျိုး ကြောင့် လစ်လပ် သွားသော မဲ ဆန္ဒ နယ်မြေ များမှာ ပြည်နယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် များ အတွက် ကိုယ် စားလှယ် (၁၁) ဦး၊ ပြည်သူ့ လွှတ် တော် တွင် ကိုယ်စားလှယ် (၁၃) ဦး၊ အမျိုး သား လွှတ်တော် တွင် ကိုယ်စား လှယ် လေးဦး၊ စုစု ပေါင်း လစ်လပ်မဲ ဆန္ဒနယ် ပေါင်း (၂၈) ခုရှိ နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိ ရသည်။ ထို့နောက် ယခု နှစ် မတ်လ (၂၀) ရက်နေ့ တွင် ချင်း ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် လစ်လပ်မဲ ဆန္ဒနယ် နှစ်ခု ထပ်မံ ဖြစ်ပေါ် လာသော ကြောင့် လစ်လပ်မဲ ဆန္ဒ နယ်ပေါင်း (၃၀) အထိ ဖြစ်နေ ကြောင်း သိရသည်။

Messenger News Journal