မျက်နှာများတဲ့ စာအုပ်

ပို့စ်တင်ချိန် - 3/05/2014 09:10:00 AM



ဇွန် ၂၀၀၉ ခုနှစ်၊ လန်ဒန်အချိန်နဲ့ ရက်စွဲ အတိ အကျမမှတ်မိ။ "နင်... Facebook မရှိဘဲ
ဘယ်လို နေသလဲ"ဟု မ Sandy မေးသောအခါ ခေါင်းမော့ ရင်ကော့၍ "It seems that
I can still survive without Internet" ဟု အမြင်ကပ် အောင်ပင် အင်္ဂလိပ်လို ပြန်ဖြေ
ထည့်လိုက် သည်။

သူမည်သို့မျှ comment မပေးလိုတော့ သည့် ပုံစံဖြင့် ဟိုဘက်လှည့်သွားလေသည်။ Eminem
တစ်ခါပြောတာ နားစွန်နားဖျား ကြားဖူးပါရဲ့ ။"ကျွန်တော် internet ပေါ်မှာ အလုပ် မလုပ်ဘူး၊
လုပ်မိပြန်လည်း၊ သို့မဟုတ် လုပ်မိခဲ့ သည်ရှိသော် ကျွန်တော်တစ်ချိန်လုံး ကလိမိနေ မှာပဲ"ဟူ၏။

Friendster ခေတ်စားတုန်းက လုပ်ရ တာလည်းခက်ခဲ (ဉာဏ်မမီသောကြောင့် ) အချိန် လည်း
မပေးနိုင်တာနဲ့ အရေးမကြီးတကြီး ကိစ္စ တွေပဲလိုက်လုပ်နေမိတယ်။ ကျွန်တော်မှတ်မိ သလောက်
ကတော့ Cyclone အဖွဲ့က ကိုသုတ အေး (Thuta Ill) ဟာ ကျွန်တော်တို့ အသိုင်း အ၀ိုင်းမှာ
အစောဆုံး Facebook စသုံးသူတွေ ထဲက တစ်ဦးပဲ။ တစ်ရက် သူနဲ့ ကျွန်တော် ကြည့် မြင်တိုင်
အိမ်မှာ အငွေ့တလူလူနဲ့ ရထားမောင်း နေကြတုန်း chatting, internet ကိစ္စလေးတွေ ပြောဖြစ်
ကြတုန်းက "အခုအသစ်ပေါ်နေပြီ၊ Friendster ကို အားလုံးက ရိုးနေတုန်း Harvard တက္ကသိုလ်
က Computer major ကျောင်းသား လေး တစ်ယောက်ထောင်လိုက်တဲ့ website တစ်ခုက
ဒီအချိန်ပိုင်းအတွင်းမှာပဲ တော်တော် Hot လာတယ်၊ ငါတောင် Account ဖွင့်ပြီးသွား ပြီ။မဆိုးဘူး
တော်တော်မိုက်တယ်။ ဂျေရီး၊ မင်းလည်း လုပ်ထားသင့်တယ်"ဟု ပြောသော အခါ Video Game
ဆော့ဖို့တောင် အပျင်းကြီး တဲ့ ကျွန်တော်က တခြား subject တစ်ခုကို ဆက်ပြော၍ လက်လွတ်
စပယ်နေလိုက် မိတယ်။ (O.B.O 2005)။

၂၀၁၀ နောက်ပိုင်းကျတော့ ဘယ်နေရာ သွားသွား ဒါပဲပြောလာကြတော့ အမြင်နည်း နည်း ကပ်
လာမိတယ်။ ခေတ်နောက်ကျနေ သော ကျွန်တော်သည် နောက်ဆုံး ကျွန်တော့် အစ်မကပါ
ကိုယ့်ကိုကျော်တက်သွား၍ ထိုအကြောင်းအရာ၊ အဖြစ်အပျက်များကို လာရောက် ဆွေးနွေးခြင်း
ခံရသော အဖြစ်ကို ရောက်လေ၏။ အပြင်သွားပြီး ညဘက်တွေ မူးရူးခုန်ပေါက် သောင်းကျန်းနေ
တော့ အသိုင်း အ၀ိုင်းအသီးသီးက အမျိုးသမီးတွေက တွေ့ရှိ ကြောင်းကို သံတော်ဦးတင်တော့
"ဪအေး၊ သူတို့တောင်ငါ့ကို Facebook မှာ လာ Add ပြီး နှုတ်ဆက်သွားသေးတယ်"ဟု
Michelle က ပြောသောအခါ "ဟင် ဒါဆို အပြင်မှာ သိပ် မတည့်တတည့် လူတွေက ဟန်ဆောင်
အပြုံး တွေနဲ့ internet မှာ သူငယ်ချင်း ဖြစ်နေကြပါ လား"လို့ စဉ်းစားမိလေတယ်။

အခု အိမ်ထောင် ကျသွားပြီဖြစ်တဲ့ ဟိုတစ်ချိန်က ကျွန်တော့် ချစ် သူဟောင်းတစ်ဦး လုပ်ပေးထား
တဲ့ Account တစ်ခုတော့ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်း က internet ဆိုင်တောင် မရောက်ဖြစ်ဘူး။
နောက်ပိုင်း လူတွေနဲ့တွေ့တော့ "မင်းကို ငါအပ်တာ မင်းလက်မခံသေးဘူးနော်" ဆိုတော့ သိပ်
မဟုတ်သေးဘူး။ ချစ်စိုးက ရောက်လာပြန်ပြီ "ဟေ့ကောင် Facebook မှာ J-Me အတု တစ်ကောင်
က မင်းဓာတ်ပုံတွေ သုံးပြီး ဆရာကြီး ပုံစံဖမ်းပြီး ထင်တိုင်းကျဲနေ တယ်၊ ကောင်မလေးတွေ wallေ
ပ်ါမှာလာ စကားပြောရင်၊ မအားသလို ဘာလိုလိုနဲ့ ကြီးကျယ်ပြနေတယ်" ဆိုတော့လည်း မဖြစ်
တော့ဘူး။

ဒါနဲ့ပဲ ၂၀၁၂ အစောပိုင်းမှာ များစွာ သော ဘ၀ပေးကုသိုလ်ကံ တွေကြောင့် ကျွန်တော့်ခမည်းတော်
ရဲ့ရုံးမှာ လခစား သေချာလည်းစလုပ်ရော ဘေးမှရတဲ့ အကူ အညီ advice တွေနဲ့ Catholic
Confirmation အမည်သုံးခါ facebook လောကထဲကို "Jacob Zion" ဟူ၍ အခြေချမိခဲ့ပါ
ကြောင်း ကြေညာ အပ်ပါသည်ခင်ဗျား။

ရုံးမှာ ထိုနှစ်များက လုပ်ခဲ့ဖူးသော (G Specialist) တစ်ဦးက Gmail နှင့် Facebook Account
ကို ကျွန်တော့်အား စေတနာပါပါ၊ စိတ်ရှည်ရှည်နဲ့ တည်ထောင်ပေးလိုက်တဲ့အခါ တစ်ရက်အတွင်း
မှာတင်ပဲ အထူးအဆန်း တွေကို စတင် စားသုံးရလေတယ်။ သူကပင် စတင်ပြီးတော့ ကျွန်တော်
ကို Add ပြီး ရုံးဝန်ထမ်းတွေနဲ့ စတင် Friend ဖြစ်ပါတယ်။ ပြီးတာနဲ့ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီ
ဆက်နဲ့ "ငါ့ကို Add ကြပါဦးဟ၊ ငါ့ကို accept လုပ်ပါ ဦးဟ" ဆိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတုန်း
မြင်လိုက်တာ Search for people you may know တဲ့။ ဒါနဲ့ လိုက် Add ရတာပေါ့။ ကိုယ်နဲ့
မသိတဲ့လူတွေလည်း အကုန် (တောသား မြို့ရောက်) လိုက် Add တာများ တချို့ဆို နေရာ ဒေသ
တော်တော်ဝေးဝေးက လူတွေ၊ ကိုယ်နဲ့ အသိုင်းအ၀ိုင်း ဘာမှကို မဆိုင်တာ။

သင်္ကြန် နားနီးတော့ Spring Break ပုံတွေတင်ပြီး ပွေးရ တာ အရသာသိပ်ရှိ။ ကျွန်တော့်ကို
အစောပိုင်း လာ Add သူတွေနဲ့ ကျွန်တော် အရူးချေးပန်း လျှောက် Add တာ သည်းခံခွင့်လွှတ်ပြီး
လက်ခံ ထားတဲ့ မဲဆောက်၊ ပဲခူး၊ စင်ကာပူနဲ့ ပြည်တွင်း ဝေးဝေးလံလံဒေသက မိတ်ဆွေတွေကို
အခုထိ ကျေးဇူးတင်နေဆဲပင်။ ပထမတော့ ကိုယ့်မှာရှိတဲ့ ဓာတ်ပုံဟောင်း တွေ တင်ကြည့်တယ်။
အဲဒီတော့မှ 'Like' လုပ်ခံ ရတဲ့ အရသာကို စသိတယ်။ Account စ ဖွင့်ဖွင့် ချင်းက သူတို့မေးတာ
Profile မှာ ဘာကြိုက် တတ်လဲဆိုတဲ့ မေးခွန်းမြောက်မြားစွာအောက် မှာ ကျွန်တော်ဆိုတဲ့လူ
အလုပ်ရှုပ်လို့၊ ဘယ်ရ မလဲ ၀ါသနာဆို Partying၊ လေးစားသူများက Brad Pitt, Bruce Lee,
Mohammed Ali, Eminen နဲ့ Malcom-X၊ သီချင်း Album ဆိုရင် အဲဒီတုန်းက ထွက်ခါစ Jay-Z,
Kanye West ရဲ့ Watch the throne။ သူငယ်ချင်း တွေ၊ ရုံးဝန်းထမ်းတွေရဲ့ အသိ မိတ်ဆွေတွေ
က ကျွန်တော့်ကို Facebook သုံးပုံ သုံးနည်း သင်ပေးရတဲ့ဘ၀ ရောက်လာတယ်။ ဥပမာ Unfriend
လုပ်နည်း၊ Block လုပ်နည်းနဲ့ Security အပိုင်းတွေပေါ့။

အစပိုင်းတော့ အေးဆေးပဲပေါ့ဆိုပြီး ထင်နေတာ။ ဘယ်ဟုတ် မလဲ တွေ့လိုက်ရင်ဖြင့် ရန်ပွဲတွေ၊
ငြင်းခုံပွဲတွေ။ တချို့တွေဆို တော်တော်ရယ်ရတယ်။ အကြည် တော်ဝတ္ထုဟောင်းတွေ ဖတ်နေတဲ့
အတိုင်းပဲ။ facebook မသုံးတဲ့ လူကြီးမင်းများအား ကျွန်တော် ရှင်းပြရရင်ဖြင့် ပထမဦးစွာ
facebook ပေါ်တွင်ရှိသော ရောဂါသည် အမျိုးအစားပေါင်းများစွာထဲမှာမှ ထင်ပေါ် ကျော်ကြား
သော ရောဂါသည်များမှာ ကိုယ့် ထမင်းကိုယ်စားပြီး ဘယ်လို 'ပေါ' ရင် ကောင်း မလဲဆိုပြီး ထိုင်
စောင့်နေကြတဲ့ ငပေါများ၊ အလုပ်အကိုင်မရှိဘဲ အားနေကြသူများ၊ Internet cafe တွင် သူဌေး
ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းပြုသူများ၊ လစ်တာနဲ့ ကြွားပြီဆိုတဲ့ ကြွားစိန်များ၊
အစွန်းရောက် နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေး သမားများ အပြင် နောက်ဆုံး မှာတော့ (နားနှင့်
မနာ ဖ၀ါး နှင့်နာကြပါရန်) နှစ်လုံးတည်းနဲ့ နာမည်ပျက် မယ့် 'နှာဘူး'တွေနဲ့သာ ပြည့်ညပ်ကျပ်၍
Jam ဖြစ်လျက်ရှိပါကြောင်း။

myanmar.mmtimes