ဆီးရီးယားစစ်ကြောင့် ကလေးငယ် ၅သန်းလောက် စစ်ဒဏ်ခံစားနေရ

ပို့စ်တင်ချိန် - 3/13/2014 10:04:00 AM


ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ရံပုံငွေအသင်း UNICEF ရဲ့ထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကြောင့် ကလေးငယ် ၅ သန်းလောက်ဟာ စစ်ရဲ့ဒဏ်ကို ခံစားနေရတယ်လို့ ပြောလိုက်ပါတယ်။ UNICEF ရဲ့ အစီရင်ခံစာအရ ကလေးငယ် အယောက် တစ်သန်းအထိ စစ်ရဲ့ ဆိုးကျိုးမှုဒဏ်ကို လည်စီးခံနေရပြီး ဒါဟာ အရင်နှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထက် နှစ်ဆ များလာတာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံက ကလေးငယ် ငါးသိန်းလောက်ဟာ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါ့အပြင် စစ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားတဲ့အတွက် ကလေးငယ် အယောက် သုံးသန်းလောက်ဟာလည်း ပညာရေးမှာ ထိခိုက်နစ်နာနေရပြီး သုံးသန်းလောက်ကတော့ ပြည်တွင်းမှာပဲ လုံခြုံရာကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ နောက် ကလေးငယ် တစ်သန်းကတော့ ဆီးရီးယားနိုင်ငံကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အီရတ်၊ ဂျော်ဒန်နဲ့ တူရကီနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ဟာ လေးနှစ်ထဲ ဝင်လာတာနဲ့အမျှ ကလေးငယ်တွေ ထိခိုက်နစ်နာမှု အများကြီးဖြစ်နေရပြီး ဆီးရီးယားနိုင်ငံဟာ ကလေးငယ်တွေအတွက် အန္တရာယ်အများဆုံး နိုင်ငံဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း