အားကစားသတင်း အတိုအစများ-၅

ပို့စ်တင်ချိန် - 3/04/2014 09:49:00 AM




နယူးကာဆယ်နည်းပြ အလန်ပါဂျူးမှာ ဟူးလ်စီးတီး ကွင်းလယ်လူ မေလာကို
ခေါင်းဖြင့်တိုက်ခဲ့ခြင်းကြောင့်အက်ဖ်အေ၏ အရေးယူမှုနှင့် ရင်ဆိုင်နေရသည်။

အီတလီမှာ စပိန်နှင့် ကစားမည့်ပွဲတွင် ၀တ်ဆင်မည့် အသင်းဂျာစီသစ်ကို မိတ်ဆက်ပြသခဲ့သည်။ အီတလီအသင်းဂျာစီကို Puma ကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက စီးရီးအေတစ်နှစ်တာ အကောင်းဆုံးနည်းပြအဖြစ် ဂျူဗင်တပ်နည်းပြ ကွန်တီ ရွေးချယ်ခံခဲ့ရသည်။ ၎င်းအတွက် ဒုတိယအကြိမ်မြောက် ဆုရခဲ့ခြင်းလည်းဖြစ်သည်။

အရေးပေါ်ကုသမှု ခံယူရမည့်အခြေအနေမျိုးတွင် အသုံးပြုရန်အတွက် ဖီဖာမှာ ဆေးပစ္စည်းအစုံအလင် ပါဝင်သည့် အရေးပေါ်ဆေးအိတ် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အိုင်ယာလန် အသင်းခေါင်းဆောင် ရော်ဘီကိန်းမှာ အိုင်ယာလန် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။

ကိုယ့်စိတ်ကိုယ် မထိန်းနိုင်သည့် ကစားသမားများကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်မည်မဟုတ်ကြောင်း အီတလီနည်းပြ ပရင်ဒယ်လီက ပြောခဲ့သည်။

လီဗာပူး ကွင်းလယ်လူ ဟန်ဒါဆန်မှာ မန်စီးတီးနှင့် ဆန်းဒါးလန်းတို့ ကစားခဲ့သည့် Capital One ဖလား ဗိုလ်လုပွဲတွင် အသင်းဟောင်း ဆန်းဒါးလန်းကို သွားရောက်အားပေးခဲ့သည်။

ဥရောပ ရွေဖိနပ်ဆုအတွက် ဂိုးသွင်းအများဆုံး စာရင်းတွင် ဆွာရက်ဇ်က သွင်းဂိုး (၂၄)ဂိုး၊ ရမှတ် (၄၈)မှတ်ဖြင့် ဦးဆောင်နေသည်။

ဝေးလ်အိုးပင်း စနူကာပြိုင်ပွဲတွင် အင်္ဂလန်သား အိုဆူလီဗန်က တရုတ်နိုင်ငံသား ဇန်ဟွေကို ပွဲငယ် ၉-၃ဖြင့် အနိုင်ရရှိခဲ့သည်။

@z (ရိုးရာလေး)