မိခင်ကောဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု

ပို့စ်တင်ချိန် - 3/03/2014 10:33:00 AM



ပဲခူးတိုင်း ကဝမြို့နယ် ဖလေးကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ ၂၁ ရက်နံနက်၁၁နာရီခန့်က ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော နောက်တွဲပါ လယ်ထွန်စက်တို့ ရှောင်တိမ်းရာမှ ဆိုင်ကယ်မှ ခြေနင်းဘရိတ်အားနင်းရာမှ ဘရိတ်တံခြေနင်းနှင့် ကျောက်ခဲတိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသော မနီနီလွင်(၂၉)နှစ် ကိုယ်ဝန်ကိုးလလွယ်ထားသူသည် ထွန်စက်နောက်တွဲဘီးအောက်ရောက်ကြိတ်မိခဲ့၍ မိခင်ကောဗိုက်ထဲမှကလေးပါ သေဆုံးသွားခဲ့ပါသည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းမင်းမင်းလတ်နှင့် ဆိုင်ကယ်မောင်းသူ ကိုနိုင်လွင်တို့အား ကဝမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ