ရန်ကုန်နှင့် မန္တလေး မြို့များတွင် သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း ၁၄၀ ခွင့်ပြု

ပို့စ်တင်ချိန် - 3/30/2014 06:18:00 PM

၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား
 မြင်တွေ့ရစဉ်

လာမယ့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း ၉၀ ကျော်နဲ့ မန္တလေးမြို့မှာ မဏ္ဍပ်ပေါင်း ၅၀ ကျော် ဆောက်လုပ်ခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့မှာ အလျား ပေ ၁၀၀ အထက် မဏ္ဍပ်ကြီး ၅၇ ခုနဲ့ အလျားပေ ၅၀ အထက် အလတ်စား မဏ္ဍပ်ပေါင်း ၃၆ခု တည်ဆောက်ခွင့် ပြုထားတာပါ။
ရန်ကုန်မြို့မှာ မနှစ်က သင်္ကြန်မှာ မဏပ်ပေါင်း ၄၀ကျော်ပဲ တည်ဆောက်ခွင့်ပြုခဲ့တာမို့ ဒီနှစ်သင်္ကြန်မှာ မဏပ်ထက်ဝက် တိုးမြှင့် တည်ဆောက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

DVB Burmese