ကူမင်းတိုက်ခိုက်မှု ခွဲထွက်ရေးသမားတွေကို တရုတ်အစိုးရ အပြစ်တင်

ပို့စ်တင်ချိန် - 3/03/2014 10:32:00 AM

ကူမင်းဘူတာရုံမှာ လုံခြုံရေးတွေ ကင်းလှည့်

တရုတ်နိုင်ငံ တောင်ပိုင်းက ကူမင်းမြို့က ရထားဘူတာရုံတခုမှာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူတရာကျော် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုဟာ အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ် က ခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ တရုတ်အစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ညက ဘူတာရုံမှာ စောင့်နေတဲ့ ခရီးသည်တွေကို ဓါးတွေကိုင် ဆောင်ထားတဲ့ လူအုပ်စုတခုက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို ရဲတွေက ပစ်ခတ်ရာမှာ လေးဦး သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းလို့ သံသယရှိတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးကို ရရှိတဲ့ဒဏ်ရာတွေ နဲ့ ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။

BBC Burmese