ခင်ပွန်းရဲ့ အအေးခံထားတဲ့ သုက်ပိုးကို ဆက်လက်ထိန်းသိမ်းခွင့်ဥပဒေကြောင်းအရ အနိုင်ရ

ပို့စ်တင်ချိန် - 3/07/2014 12:40:00 PM


ယူကေနိုင်ငံ ဘာမင်ဂမ်မြို့က Beth Warren ဆိုသူ အမျိုးသမီးဟာ သေဆုံးသွားတဲ့ သူ့ခင်ပွန်းရဲ့ အအေးခံထားတဲ့ သုက်ပိုးကို ဆက်လက်ထိန်းသိမ်းခွင့်အတွက် ဥပဒေကြောင်းအရ အနိုင်ရလိုက်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ခင်ပွန်းဟာ ကင်ဆာရောဂါနဲ့ မသေဆုံးမီကတည်းက သူ့ရဲ့ သုက်သွေးကို အအေးခံ သိမ်းဆည်းထားခဲ့ပြီး သူသေဆုံးပြီးနောက်ပိုင်း သူ့ဇနီးသည် အသုံးပြုခွင့်အတွက် စာရွက်စာတမ်းနဲ့ ချန်ထားရစ်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က Beth Warren ရဲ့ အမျိုးသား သေဆုံးခဲ့ပြီး လက်ရှိ ဥပဒေအရ ၂၀၁၅ ခုနှစ် ဧပြီမှာ သူ့ရဲ့ သုက်သွေးတွေကို ဖျက်ဆီးပစ်ရမှာဖြစ်ပါတယ်။

ဒီလို ဖျက်ဆီးပစ်ရမှာကို လက်မခံနိုင်လို့ Beth Warren က ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့တာဖြစ်ပြီး အခုတော့ ဖျက်ဆီးပစ်စရာ မလိုတော့ဘဲ ဆက်လက်ထိန်းသိမ်းခွင့် ရသွားတာ ဖြစ်ပါတယ်။
BBC Burmese