လက်သီးဆုပ်ခြင်းက သင့်ရဲ့ မှတ်ဉာဏ်ကို တိုးတက်စေနိုင်

ပို့စ်တင်ချိန် - 3/04/2014 11:46:00 AM




မောင့်ကလဲ(လ်)ယား ပြည်နယ် တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ သင့်ရဲ့ ညာလက်အား လက်သီးဆုပ်ချည်၊

ဖြန့်ချည် ပြုလုပ်ခြင်းက မှတ်ဉာဏ်ကို ပိုမို မြင့်မားစေနိုင်ပြီး သင့်ရဲ့ ဘယ်လက်အား ဆုပ်ချည်ဖြန့်ချည် ပြုလုပ်ပေးခြင်းက မှတ်ထားသည် များကို ပြန်လည် သတိရစေရန် ကူညီ ပေးနိုင်သည်ဟု သိရသည်။ သိပံ္ပပညာရှင် များက လက်တစ်ဖက်ထဲ ဆုပ်ချည်ဖြန့်ချည် လုပ်ခြင်းက ဦးနှောက် အရှေ့ပိုင်းရှိ အာရုံကြောများ လှုပ်ရှားမှုကို လှုံ့ဆော် ပေးနိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင် ယင်းကဲ့သို့ ပြုလုပ်ခြင်းက ဦးနှောက်၏ သက်ဆိုင်ရာ အခြမ်းများ၏ဖြစ် ပျက်ပုံ အဆင့်ဆင့်အား ပိုမိုလျင်မြန် စေကြောင်း သိရသည်။ လေ့လာသူ များက ယင်းအကြောင်းနှင့် ပတ်သက်၍ လူ ၅၁ဦးကို စက္ကန့်ကိုးဆယ်ခန့် လက်သီး ဆုပ်ချည်ဖြန့်ချည် လုပ်ခိုင်း၍ စကားလုံး၇၂လုံးအား မှတ်စေပြီး စမ်းသပ်ခဲ့ရာ စာမမှတ်မီ ညာဖက် လက်သီးဆုပ်၍ စာဖြေစဉ် ဘယ်ဖက် လက်သီး ဆုပ်ချည်ဖြန့်ချည် လုပ်သူများက ကျန်သူများထက် ပိုမို အဆင်ပြေစွာ ဖြေဆိုနိုင်ကြောင်း သိရသည်။

ဖိုးသောကြာ

Ref: MNT

Health Updates Journal