အစိုးရက ကျောင်းသားများကို ရန်သူအဖြစ်သဘောထားသည့် အစဉ်အလာကိုရပ်သင့်ပြီ

ပို့စ်တင်ချိန် - 3/17/2014 08:25:00 PM


မတ်လ (၁၃) ရက်နေ့က ကျရောက်ခဲ့သည့်ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကျဆုံးခြင်း (၂၆) နှစ် မြောက်နှစ်ပတ်လည်အခမ်းအနား  သို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစု ကြည်က သ၀ဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါသ၀ဏ်လွှာတွင် တိုင်းပြည်တွင်အရေးအကြောင်းရှိ တိုင်းကျောင်းသားများ ရှေ့တန်း မှပါဝင်ခဲ့ကြောင်း၊ ကျောင်းသားများ  အနစ်နာခံခဲ့ကြသည်မှာ အစဉ် အလာဆိုသော်လည်း ယင်းအစဉ်  အလာမျိုးထပ်ရှိစရာမလိုအောင် တိုင်းပြည်တွင် ပြဿနာများဖြစ်  တိုင်း ဒီမိုကရေစီနည်းဖြင့် ညှိနှိုင်း  ဖြေရှင်းသည့်အစဉ်အလာအခြေကျ ဖို့သင့်ပြီဖြစ်ကြောင်း၊ အစိုးရက ကျောင်းသားများကို ရန်သူအဖြစ်  သဘောထားသည့်အစဉ်အလာကို ရပ်သင့်ပြီဖြစ်ကြောင်းပါရှိသည်။
“တိုင်းပြည်မှာအရေးအကြောင်း ရှိတိုင်းကျောင်းသားတွေရှေ့တုန်း ကပါဝင်ခဲ့ကြ အနစ်နာခံခဲ့ကြတာ ဟာ အစဉ်အလာဆိုပေမဲ့ဒီလို အစဉ်အလာမျိုးထပ်ပြီးရှိစရာမလို တော့အောင်တိုင်းပြည်မှာပြဿနာ တွေဖြစ်တိုင်း ဒီမိုကရေစီနည်းနဲ့ ညှိနှိုင်းဖြေရှင်းတဲ့အစဉ်အလာ အခြေကျဖို့သင့်ပါပြီ”ဟု ဒေါ်အောင်  ဆန်းစုကြည်ပေးပို့သည့်သ၀ဏ်လွှာ  တွင်ဖော်ပြထားသည်။
“ကျွန်တော်တို့နိုင်ငံရဲ့သမိုင်း  တစ်လျှောက်မှာ ဇူလိုင် ၇ ရက် နေ့ကျောင်းသားသမဂ္ဂဖြိုခွဲခံရ တယ်။ ပြီးတော့ ဦးသန့်အရေး အခင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်  အရေးအခင်း၊ တံတားနီအရေး အခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး  တွေမှာ ကျောင်းသားတွေပါဝင် ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့တွေ ပြန်ရခဲ့တာဟာ ကျည်ဆန်တွေ၊ ထောင်တွေပဲပြန်ရခဲ့တယ်။ အခု လိုဒီမိုကရေစီစနစ်ကျင့်သုံးနေပြီ ဖြစ်တဲ့ တိုင်းပြည်မှာတော့ ကျောင်းသားတွေကို ရှေးကလိုဖြစ်  ရပ်တွေ ပြန်မဖြစ်စေချင်ဘူး။ ကျောင်းသားတွေကိုလမ်းပေါ်ပြန်  မရောက်စေချင်ဘူး။ ကျောင်းသား  တွေဟာ ကိုယ်ပိုင်အသိဉဏ်နဲ့ ခေါင်းဆောင်ကောင်းကိုကောင်း စွာရွေးချယ်နိုင်တယ်။ လာမယ့် ၂၀၁၅ မှာလည်း ပြည်သူကိုတန် ဖိုးထားပြီး တိုင်းပြည်ကိုအမှန် တကယ်ချစ်တဲ့ ပြည်သူ့ခေါင်း ဆောင်ကို သူတို့ရွေးချယ်ကြလိမ့် မယ်လို့ယုံကြည်တယ်”ဟု ဒဂုံ တက္ကသိုလ်တွင်လက်ရှိပညာသင် ကြားနေသည့်ကျောင်းသားတစ်ဦး  ကဆိုသည်။
ဗြူးကုန်းတောရကျောင်း၌ စက်မှုတက္ကသိုလ်ကျောင်းသား ဟောင်းများနှင့် ဆရာများစုပေါင်း ပြီး ၁၉၈၈ ခုနှစ်မတ်လ အရေး တော်ပုံတွင် ကျဆုံးခဲ့သည်ကျောင်း သားနှစ်ဦး၏ (၂၆) နှစ်ပြည့် အခမ်းအနားကိုကျင်းပခဲ့ကြခြင်း  ဖြစ်သည်။        

အာကာဗိုလ်
BY HOTNEWS