ဘီလ်ဂိတ်နှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

ပို့စ်တင်ချိန် - 3/16/2014 02:05:00 PM


မိုက်ခရီုဆော့ဖ် ကုမ္မဏီပိုင်ရှင်- ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလ်ဂိတ်ကိုတော့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၈ ရက်၊ ၁၉၅၅ခုနှစ်ဖွား ဝါရှင်တန်၊ Seattle မြို့သား ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ သူ့ရဲ့အကြောင်းအရာအချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ သိုပေ့မယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

၃။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ် time tabling system ရေးဆွဲပြီး အမေရိကန်ဒေါ်လာ ၄၂၀၀ နဲ့ရောင်းချ ကာ ကျောင်းတက်ဖို့ စရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။

၎။ ဟားဗာတ် တက္ကသိုလ်မှာ ကျောင်းတက်စဉ် Altair BASIC အမည်ရ အခြေခံ Programming Language ပူးပေါင်းရေးဆွဲပြီး သူ့ရဲ့ ပထမဆုံး မိုက်ခရိုဆော့ဖ်ကုမ္မဏီထုတ်ကုန် ဖြစ်လာခဲ့ပါတယ်။

၅။ ၁၉၈၇ ခုနှစက Manhattan မှာပြုလုပ်တဲ့ Microsoft သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Melinda French ကို စတင် တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် New Year နေ့မှာ လက်ထက်ခဲ့ပါတယ်။

၆။ ၂၀၀၂ ခုနှစ်က စစ်တမ်းအရ ဟောင်ကောင်နဲ့တရုတ်ပြည်မှာ တရုတ် တော်လှန်ရေး ကွန်မြူနစ်ခေါင်းဆောင် Mao Tse-tungin ထက် ဘီလ်ဂိတ်ကို ဆယ်ကျော်သက်များ ပိုမိုလေးစားအားကျ ကြပါတယ်။

၇။ ၂၀၀၇ခုနှစ် စစ်တမ်းအရ ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ တစ်နှစ်ကို ၇.၈ ဘီလျံ ရှိပါတယ်။

၈။ ဘီလ်ဂိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထောင်တန် ချက်လက်မှတ်ကျသွားရင် ပြန်ကောက်စရာမလိုဘူး လို့ တင်စားကြပါတယ်။ ဘာလို့လဲဆို ပြန်ကောက်ရန် ကြာချိန် ၄ စက္ကန့်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ က သူ့အလိုလိုပြည့်ပြီးသား ဖြစ်ပါတယ်။
---

Smart Pro Journal