အသက်အန္တရယ်ကို ထွေးပွေ့လို့ ရင်ဆိုင်သော အမေရိကန် ကလေး ညီကို ၂ဦး

ပို့စ်တင်ချိန် - 3/22/2014 05:19:00 PM



အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Iowa ပြည်နယ် မှာ ဖြစ်ပြီး ဆောင်း ရာ သီ ဖြစ်တာကြောင့် Des Moines မြစ်က အပေါ်ယံ ရေခဲဖုံးနေ ပါတယ်။ လမ်းလျှောက်ရင်း အလယ် ရောက် လို့ ရောက်မှန်းမသိ ရောက်သွားကြတဲ့ ကလေးငယ် ညီအကို နှစ်ဦးဟာ အနည်းငယ် ရွှေ့ရုံနဲ့တင် ရေခဲပြင် ကွဲနိုင် တာကို သတိပြုမိ ခဲ့ကြ ပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေး လာသည် အထိ စောင့်ဆိုင်းပြီး နှစ်ဦးသား ဖက်တွယ်လို့ နေပါတယ်။ အသက် ၁၄ နှစ်အရွယ် အကို ဖြစ်သူကို ၁၂ နှစ် အရွယ်ဖြစ်သူ ညီငယ်က ဖက်ထားပြီး အသက်ဘေးကို အတူရင်ဆိုင် လက်ခံ သွားမယ်ဆိုတဲ့ ပုံရိပ်ကြောင့် အင်တာနက်မှာ ရေပန်းစားတဲ့ ဓာတ်ပုံ ဖြစ်လာ ပါတယ်။ ရေခဲ ကွဲသွားရင် ကြမ်းပြင်အောက်က စီးနေတဲ့ ရေစီးကြောင်း အတိုင်း ကယ်မရပဲ ပါသွားမှာ ဖြစ်ပါ တယ်။ ကြောက်နေတဲ့ ညီငယ်ကို အကြောက်နည်းနည်း လျော့တဲ့ အကိုက ထွေးပွေ့လို့ အားပေးနေခြင်း ဖြစ် ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ် ၄၅ မိနစ် ကြာမြင့်ခဲ့ပြီး အားလုံး အသက်ရှင်ခဲ့ ပါတယ်။
ကုန်းပေါ် ပြန်ရောက်လို့ မိဘနဲ့ ပြန်စုံတွေ့ခဲ့ပြီး Des Moines မြစ်က ရေခဲပြင် ကို မသွားရ တားမြစ် ဥပဒေ ထုတ်ပြန် ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး