ချယ်လ်ဆီးအဝေးကွင်းတွင်ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင်အသင်းအများစုအနိုင်ရ

ပို့စ်တင်ချိန် - 3/30/2014 06:11:00 AM


ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) စနေညအစောပိုင်းပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ရာ ချန်ပီယံပြေးလမ်းပေါ်မှ ချယ်လ်ဆီးအသင်းမှာ အဝေးကွင်းတွင် ခရစ္စတယ် ပဲလေ့စ်အသင်းအား (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ စနေည အစောပိုင်းပွဲစဉ် (၆)ပွဲတွင် အိမ်ရှင်အသင်းနိုင်သည့်ပွဲ(၅)ပွဲအထိရှိခဲ့ပြီး ၀က်စ်ဘရွန်းအသင်း သာဦးဆောင်ဂိုးကိုမထိန်းနိုင်သဖြင့် ကာဒစ်ဖ်အသင်း၏ နောက်ကျသွင်းဂိုးဖြင့် သရေကျခဲ့သည်။

ပွဲရလဒ်များ

မန်ယူ ၄-၁ အက်စတွန်ဗီလာ
ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်လ်ဆီး
ဆောက်သမ်တန် ၄-၀ နယူးကာဆယ်
စတုတ်စီးတီး ၁-၀ ဟားလ်စီးတီး
ဆွမ်ဆီး ၃-၀ နောဝစ်ခ်ျ
ဝက်စ်ဘရွန်း ၃-၃ ကာဒစ်ဖ်
အာဆင်နယ် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ည ၁၂ နာရီတွင်ကစားမည်)

Eleven Media Group