လမ်းပြင် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်၍ ၁၃ ဦးသေဆုံး ၃၃ ဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 3/20/2014 05:27:00 AM


သရက် ၊ ၁၉-၃-၂၀၁၄

မကွေးတိုင်း ဒေသကြီး ၊ သရက်ခရိုင် ၊ မင်းတုန်း မြို့နယ် ၊ မြောက်ပြင် ကျေးရွာအနီး ပုသိမ် - မုံရွာ ကားလမ်းပေါ် ၌ ယမန်နေ့ သန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်က ဟီးနိုးကား တစ်စီး တိမ်းမှောက် သဖြင့် သေဆုံးသူ နှင့် ဒဏ်ရာ ရရှိသူ များရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဖိုးထူး (ခ) စိုးကိုထက် ၂၁ နှစ် (ဘ) ဦးကြည် ( အုန်းတော ၂ ရပ်ကွက် ၊ တောင်တွင်းကြီး မြို့နေသူ ) သည် ဟီးနိုး ၁၀ ဘီးကား အပြာရောင် ယာဉ်ဖြင့် လမ်းလုပ်သား များ တင်ဆောင်၍ ပွင့်ဖြူမြို့နယ် ၊ လယ်ကိုင်း ကျေးရွာ မှ တစ်ဆင့် မင်းတုန်း မြို့နယ် ၊ မြောက်ပြင် ကျေးရွာ ဆက်သွယ်ရေး ကားလမ်း သို့ လမ်းပြင်ရန် မောင်းနှင် လာစဉ် ပုသိမ် - မုံရွာ ကားလမ်း မိုင်တိုင် အမှတ် (၂၂၃/၁ နှင့် ၂၂၃/၂) ကြား အရောက်တွင် လမ်းဘေး သစ်ပင် ၀င်တိုက်မိ၍ တိမ်းမှောက် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၇ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဖိုးထူး (ခ) စိုးကိုထက် အား မင်းတုန်း ရဲစခန်းမှ မော်တော်ယာဉ် (ပ) ၂ /၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄ (က) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ( ခင်မောင်စိုး - သရက် )

Myawady News