မြစ်အတွင်းငါးပိုက်ဆင်းဖြုတ်စဉ် ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 3/29/2014 10:05:00 PM


နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ချောင်းပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးမှ ချောင်းပိုက်ကျေးရွာ၊ အနောက် တောင်ဘက်(၃)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အတွင်း လူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်း ပေးချက်အရ စလေနယ်မြေနယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းင်းရွာနေ စိန်ဌေး(၃၅)နှစ်ဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ငါးပိုက် ဆင်းဖြုတ်စဉ် အကြောတက်ကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် စလေနယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၄ )ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်