ခရီးသွားအမျိုးသားတစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်(၄၆)သိန်း ခိုးယူခံရ

ပို့စ်တင်ချိန် - 3/30/2014 09:28:00 PM


ရန်ကုန်၊ မတ် ၃၀

၂၉.၃.၂၀၁၄ ရက်နေ့ ၂၁၀၀အချိန်တွင် တောင်ငူမြို့နေ ဦးမြင့်အောင်သည် သမီးဖြစ်သူ မခိုင်ခိုင်နှင်းနှင့်အတူ “ဂန္ဓ၀င်”ယာဉ်လိုင်းခရီးသည်တင်ယာဉ်
ဖြင့် တောင်ငူမြို့မှ ရန်ကုန်မြို့သို့လာရောက်ခဲ့ရာ ၃၀.၃.၂၀၁၄ ရက်နေ့
၀၃၀၀ အချိန်ခန့်တွင် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ၀၅၃၀ အချိန်တွင် အမှတ်(၄၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်
အားစီးနင်း၍ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ဆူးလေသို့လိုက်ပါခဲ့ပြီး
၀၉၀၀ အချိန်တွင် လသာမြို့နယ်၊(၈)ရပ်ကွက်၊ (၂၄)လမ်းရှိ “ဟပ်စိန်” ဦးထုပ်ဆိုင်သို့ရောက်ရှိကာ ၎င်းကိုင်ဆောင်လာခဲ့သော လက်ဆွဲအိတ်အား ဆိုင်ဝင်ပေါက် အနီးကြမ်းခင်းတွင်ချ၍ ဦးထုပ်များဝယ်ယူခဲ့ကြောင်း သိရှိရ
ပါသည်။

ဦးထုပ်များဝယ်ယူပြီး၍ငွေရှင်းရန်အတွက် လက်ဆွဲအိတ်အားယူဆောင်စဉ် အိတ်မှာပွင့်နေပြီး အိတ်အတွင်း၌ ငွေကျပ်(၄၆)သိန်းနှင့် ဦးမြင့်အောင်
အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၇/တငန(နိုင်)၁၀၆၁၆၄ တို့ထည့်ထားသော လိမ္မော်ရောင်ပိုက်ဆံအိတ်မှာ ပျောက်ဆုံးနေသည်ကို
တွေ့ရှိရ၍ ခိုးယူသူအား စုံစမ်းအရေးယူပေးရန် ဦးမြင့်အောင်မှတိုင်တန်း
လာသဖြင့် လသာမြို့မရဲစခန်း(ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ကာ ခိုးယူသွားသူအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police