ရန်ကုန်မြို့နယ်အချို့၌ သန်းခေါင်စာရင်းကောက်ယူမှုစတင်

ပို့စ်တင်ချိန် - 3/30/2014 12:19:00 AM


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၌ ယနေ့ညသန်းခေါင်းယံအချိန်တွင် သန်းခေါင်စာရင်းကောက်ယူမှုစတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက လော်စပီကာနှင့်အော်၍ လိုက်လံနှိုးဆော်နေသည်

ထိုသို့သန်းခေါင်စာရင်းကောက်ယူချိန်တွင်ကောက်ယူသူများမေးမြန်းမှုများကိုကူညီဖြေကြားပေးပါရန် မေတ္တာရပ်ခံကြောင်း နှိုးဆော်သူကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရန်အတွက် ယမန်နေ့ညပိုင်းအချိန်ခန့်က တည်းက မတ်လ ၂၉ ရက်ညအိပ်သူများစာရင်းဖြည့်ရန်မေတ္တာရပ်ခံပါသည်ဟုခေါင်းစဉ်တပ်ထားသည့် ဖြည့်စွပ်ရမည့်ဇယားပါ စာရွက်အဖြူ ဖြတ်ပိုင်းများကို အိမ်ထောင်စုတိုင်းသို့ ဝေငှထားကြောင်း လှည်းတန်းတွင်နေထိုင်သူတစ်ဦးကပြောသည်။

သန်းခေါင်စာရင်းကောက်ယူမှုကိုမတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်းကောက်ယူမည်ဟုအစိုးရကကြေညာထားသည် သို့သောလည်း ဒေသအချို့၌ကြိုတင်ကောက်ယူမှုရှိနေပြီဖြစ်သည် ။

Popular Myanmar News Journal