စု ဖောင်ဒေးရှင်း ဘာတွေ လုပ်မှာလဲ

ပို့စ်တင်ချိန် - 3/10/2014 12:08:00 PM







(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)

တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဖောင်ဒေးရှင်း ဒါရိုက်တာ အဖွဲ့ဝင်  မီရှဲယိုတို့ တက်ရောက်ကြတာ တွေ့ရပါတယ်။

ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် ဒုဥက္ကဋ္ဌတွေဖြစ်ကြတဲ့  လော်ရာဘုရှ် (အမေရိကန် သမ္မတဟောင်း ကတော်) ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့ကလည်း သ၀ဏ်လွှာပေးပို့ကြပါတယ်။ ပေးပို့တဲ့ရုပ်သံသ၀ဏ်လွှာတွေကို အခမ်းအနားမှာ ဖွင့်ပြတာ တွေ့ရပါတယ်။
ဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ ဒါရိုက်တာအဖွဲ့ဝင်များထဲမှာ Jerrold Green, Maria Hummer-Tuttle, Irwin Jacobs တို့လည်း ပါဝင်ပါတယ်။

စု ဖောင်ဒေးရှင်း ဘာတွေ လုပ်မှာလဲ ?
မြန်မာပြည်မှာ ဒီနှစ်ပိုင်းအတွင်း ဖောင်ဒေးရှင်းအများအပြား ပေါ်ပေါက်နေပါတယ်။
မနေ့က လူသိရှင်ကြား ပေါ်ပေါက်လာတဲ့ စု ဖောင်ဒေးရှင်းကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ဖောင်ဒေးရှင်းဖြစ်တဲ့အတွက် အများရဲ့ အာရုံစိုက်မှု ရပါလိမ့်မယ်။

စုဖောင်ဒေးရှင်းက ပညာရေး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်၊ လတ်တလော ဦးစားပေးလုပ်ငန်းထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ ရန်ကုန်တက္ကသိုလ် နဲ့ ရန်ကုန်ဆေးရုံကြီး ပြန်လည်ပြုပြင်မွမ်းမံရေးအစီအစဉ်တွေဖြစ်ကြောင်း သိရပါတယ်။

Irrawaddy