လေးပွင့်ဆိုင် တွေ့ဆုံရေးကိစ္စ အသင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

ပို့စ်တင်ချိန် - 3/07/2014 12:16:00 PM


မတ် ၆ ရက်က နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာများနှင့် တွေ့ဆုံစဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရေး ကိစ္စအတွက် မိမိအနေဖြင့် အသင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၆ ရက် က ၎င်းင်း၏ရုံးခန်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ေ ပြာကြားသည်။

“ဒီဟာနဲ့ပတ်သက်လို့ သိနေပြီပဲ။ အခုလည်း လွှတ်တော်ထဲမှာ တွေ့နေတာပဲ။ လေးပွင့်ဆိုင်လုပ်မယ် ဆိုရင်လည်း အချိန်မရွေး အသင့်ရှိနေပါတယ်။ ဒါကြောင့်မို့ ထူးထူး ခြားခြား မပြောပါဘူး။ နာယကကြီးဘက် ကတော့အမြဲအသင့်ပါပဲ။ ဖိတ်ခေါ်တဲ့အချိန်မှာ Ever Ready ပဲ။ ဒီကိစ္စတင် မဟုတ်ပါဘူး။ တွေ့ဆုံမယ်။ ညှိနှိုင်းမယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ မိမိရဲ့အခြေခံမူပါပဲ” ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များ၏ မေးမြန်းမှုအား ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော်သမ္မတထံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရန် မေတ္တာရပ်ခံစာတစ်စောင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပေးပို့ခဲ့ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လ့လာသုံးသပ်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီး မှသာလေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား တုံ့ပြန်ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလေ့လာ သုံးသပ် သူများနှင့် ပြည်သူအများစုကမူ ထိုသို့လေး ပွင့်ဆိုင်တွေ့ဆုံမှုကို ကြိုဆိုကြောင်းသုံးသပ်ပြောကြားခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ၂၁၀၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖေဖော်ဝါရီ ၃ ရက်က ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေ့လာသုံးသပ်ပြီး ပြင်ဆင်ခွင့်ရရှိပါက နိုင်ငံနှင့် နိုင်ငံသားများ ပိုမိုအကျိုးရှိပြီး၊ ယနေ့ ဒီမို ကရေစီပြုပြင် ပြောင်းလဲရေး ပိုမိုအောင်မြင်ရန် မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အုပ်ချုပ်သည့်အစိုးရနှင့် ပြည်သူများအကြား ဆောင်ရွက်ပေးသည့် ကတိက၀တ်များ ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရ၊ နိုင်ငံအတွက်ေ ကာင်းမွန်ရန်အတွက် မူဝါဒသဘောထားများကို ချမှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Eleven Media Group