ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အကြံပေးကုမ္မဏီငှားရမ်းခအမေရိကန်ဒေါ်လာ ၂.၄သန်းပေးဆောင်ရမည်

ပို့စ်တင်ချိန် - 3/05/2014 01:45:00 PM


ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက်အကြံပေးကုမ္မဏီငှားရမ်းခ နိုင်ငံတော်ဘဏ္ဍငွေ အမေရိကန်ဒေါ်လာ ၂.၄ သန်းပေးဆောင်ရမည်ဖြစ်ကြောင်း တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။

တင်ဒါအဆိုပြုလွှာများတင်ရန်ဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္မဏီ ၁၇ အုပ်စုပြိုင်ခဲ့ကြပီး ယင်းတို့တင်သွင်းလာသော နည်းပညာနှင့်ငွေကြေးအဆိုပြုလွှာများကို တင်ဒါခေါ်ယူရေှးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များမှ စိစစ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူအထူစီးပွားရေးဇုန်တင်ဒါခေါ်ယူရေးနှင့်စိစစစ်ရွေးချယ်ရေးအဖွဲ့ ကော်မတီ အတွင်းရေးမှုး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်း ကပြောသည်။

နည်းပညာပိုင်းနှင့်ဘဏ္ဍရေးပိုင်းတွင်အခြားသော ကုမ္ဗဏီများထက် သာလွန်ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပီး အဆိုပါ စင်ကာပူအခြေစိုက် CPG ကုမ္မဏီအုပ်စုတွင် DTZ , EY, G Maps နှင့် PM Linkစသည့် ကုမ္မဏီငါးခု ပါဝင်ကြောင်း ယင်းကုမ္မဏီများထံမှ သိရသည်။
နိုင်ငံတကာအကောင်းဆုံးကျင့်သုံးမှုများနှင့် နိုင်ငံတကာတင်ဒါများကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း  မျှတသော နည်းလမ်းများဖြင့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAD)  ကိုအကြံဥာဏ်ပေးမယ့် အကြံပေးရွေးချယ်ရန်ဖြစ်ကြောင်း အကြံပေးရွေးချယ်သော နေရာတွင်လည်း နိုင်ငံတကာ စံချိန်စံညွန်းများနှင့်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း ကပြောသည်။

အဆိုပါကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ခန့်မှန်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၂၇၇ သန်း၏ ၅ ရာခိုင်နှုန်း ဖြစ်ပီး နိုင်ငံတကာစံချိန်စံညွန်းအတိုင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောသည်။

ကျောက်ဖြူမြို့  ၏ အရှေ့တောင်ဘက် ၄မိုင်ခန့်အကွာတွင်ရှိသော စစ်တောကျေးရွာနှင့် စည်မော်ကျေးရွာ အနီးတ၀ိုက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရန် အတွက်သင့်တော်မည့်နေရာနှင့်ဆက်စပ်ရှိနေ သော မြေဧရိယာ ဧက ၁ထောင်ကျော်တွင် ကျောက်ဖြူစီးပွားရေးဇုန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို
ရေးဆွဲခဲ့  ခြင်းဖြစ်ကြောင်း ကျောက်ဖြူအထူစီးပွားရေးဇုန်တင်ဒါခေါ်ယူရေးနှင့်စိစစစ်ရွေးချယ်ရေးအဖွဲ့ကော်မတီအတွင်းရေးမှုး ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးမြင့်သိန်း ကပြောသည်။

“အကြမ်းဖျင်းတိုင်းထားတဲ့လျာထားတဲ့ဧရိယာက ၁၉ ၈၅ ဧက ဆိုပေမယ့် လယ်နဲ့ရွာကိုဖယ်လိုက်ရင် ထွက်လာမှာက ၁၃၀၀ ဧက – ၁၀၀၀ကို သုံးချင်တဲ့အတွက် ၃၀၀ ကိုကစားလို့ရတယ်။ ဆိုလိုတာက လယ်တွေရွာတွေကို လုံးဝရှောင်လို့ရအောင် လုပ်ထားတယ်” ဟု ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း ကပြောသည်။

ရွှေထွဋ်
The Myanma Age