လမ်းပိုင်းအဆင့်မြှင့် ဖောက်ရာမှတွေ့ရှိသည့် ဆင်းထုတော်များ နောက်ဆက်တွဲသတင်း

ပို့စ်တင်ချိန် - 3/02/2014 03:52:00 PM


မကွေးတိုင်းဒေသကြီး ငဖဲ- စေတုတ္တရာ- လောင်းရှည်- ဆော- ထီးလင်း- ဂန့်ဂေါကားလမ်းကို ဆောမြို့ နယ်အပိုင်းတွင် အဆင့်မြှင့်ပြုပြင် လျှက်ရှိရာ လောင်းရှည်မြို့အနီးလမ်းပိုင်းပြုပြင်ရာတွင် ဘုရားဌာပနာတိုက်ဟု ယူဆရသည့်ဘုရားဆင်းထုတော်များကိုတွေ့ရှိရာ လောင်းရှည်မြို့ ယွန်းကျောင်း၌ ပူဇော်ခံထားရှိကြောင်း သိရ သည်။

ဖေဖော်ဝါရီ ၁၇ ရက်က အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်ပြုပြင်ရာတွင် ဘုရားဌာပနာတိုက်ဟုယူဆ ရသည့် ဘုရားကျောင်းဆောင်(၁)ဆောင်၊ ဆဌမသတ္တဟဆင်းထု(၁)ဆူ၊ ပဉ္စမသတတ္တဟ ဆင်းထု(၁)ဆူ၊ ဗောဓိ ညောင်ရွက်နှင့် ဘုရား ဆင်းထုတော်(၂၃)ဆူ၊ နဂါးရုံ ဘုရား(၁)ဆူတို့ကို တွေ့ရှိသဖြင့် ယွန်းကျောင်းဆရာတော်ထံ အပ်နှံကာ ပုဇော်ခံထားရှိခြင်းဖြစ်သည်။

ဆောမြို့နယ် လောင်းရှည်မြို့သည် ရှေးမြန်မာမင်းများလက်ထက်က မြို့ရုံးစိုက်ရာဒေသဖြစ်ခဲ့သဖြင့် ရှေးဟောင်း သမိုင်းဝင်ဘုရားစေတီများ များစွာရှိနေရာ လမ်းအဆင့်မြှင့်ဖောက်လုပ်ရာတွင် တွေ့ရှိသည့် ဆင်းထုတော်များ သည် ရှေးဟောင်းစေတီ တစ်ဆူ ၏ နေရာဖြစ်နိုင်ကြောင်းနှင့် လက်ရှိ အခြေ အနေတွင် လောင်းရှည်မြို့၌ ဘုရားစေတီ ၁၁၆ ဆူရှိနေကြောင်း မြမာလာစေတီတော်ဂေါပက အဖွဲ့ဝင် တစ်ဦးကပြောသည်။

MOI Webportal Myanmar