ကန်ဒေါ်လာ ၁၀၀၀အထက် တန်ဖိုးရှိမည့် ငပလီကမ်းခြေသို့ နှစ်ညအိပ်သုံးရက်အခမဲ့ခရီး ကံစမ်းနိင်

ပို့စ်တင်ချိန် - 3/20/2014 01:14:00 PM


ရန်ကုန်၊ မတ် ၂၀
ကန်ဒေါ်လာ ၁၀၀၀အထက် တန်ဖိုးရှိမည့် ငပလီကမ်းခြေသို့ နှစ်ညအိပ်သုံးရက်ခရီး အခမဲ့သွားနိုင်ရန်အတွက် မြန်မာလူမှုကွန်ရက်ဖြစ်သည့် MySQUAR မှ ကံစမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ကို MySQUAR လူမှုကွန်ရက်၏ အကောင့်သစ်တစ်ခုရယူရုံဖြင့် ပါဝင်ကံစမ်းခွင့်ရမည်ဖြစ်ပြီး http://mysquar.com/contests/connect/ လင့်ခ် သို့သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ငပလီခရီးစဉ်ကံစမ်းမည့်သူများအနေဖြင့် အကောင့်အသစ်မရှိပါက bit.ly/1onn7zG သို့ ၀င်ရောက်၍ အကောင့်အသစ်တစ်ခုရယူနိုင်မည်ဖြစ်ကာ MySQUARလူမှုကွန်ရက်အကောင့် ရှိထားပြီးသားသူများအနေနှင့်မူ အသစ်ထပ်မံပြုလုပ်ရန်လိုအပ်မည်မဟုတ်ပေ။ ခရီးစဉ်တွင် နှစ်ဦးစာလေယာဉ်လက်မှတ်၊ ကြယ်လေးပွင့်အဆင့်ဟိုတယ်တွင် Deluxe Room နှင့် နှစ်ယောက်အတွက်မနက်စာများ ပါဝင်မည်ဟုသိရသည်။ ကံစမ်းကာလကို မတ်လ ၁၈ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ သတ်မှတ်ထားပြီး ကံထူးသူတစ်ဦးကို မဲနှိုက်ရွေးချယ်သွားမည်ဖြစ်သည်။ MySQUARမှာ မြန်မာဘာသာအသုံးပြုသည့် ပထမဆုံးလူမှုကွန်ရက်ဖြစ်ပြီး မြန်မာဘာသာဖြင့်ထုတ်လုပ်ထားသည့် ဂိမ်းများဖြန့်ချီပေးလျှက်ရှိသည်။ သုတလင်း

Popular Myanmar News Journal