ဦးဝင်းတင်၏အခြေအနေ ဒေါက်တာမြင့်သိန်းမှ မီဒီယာများအား ရှင်းလင်းပြောကြား

ပို့စ်တင်ချိန် - 3/30/2014 04:59:00 PM


“အန်ကယ်၏ အခုအခြေအနေအရ အသက်ရှုရပ်တတ်တာပေါ့၊ အသက်ရပ်တတ်တော့ ပါးစပ်ထဲက ပိုက်ထည့်ထားရတယ်။
ပိုက်ထည့်ထဲ့ ပြီး အသက်ရှုမောင်းရတာကို ၇၂ နာရီ မောင်းရတယ်။ ၇၂ နာရီ
အတောအတွင်းမှာ သူအခြေအနေကောင်းမလား၊ ဆိုးလားမလား တစ်ချက်ကြည့်ရမယ်။ တစ်ခုစိုးရိမ်စရာရှိတာက နံပတ်(၁) သူက အရမ်း
အသက်ကြီးနေပြီ။ (၂) သူက အဆုပ်ပွရောဂါရှိတော့ အဆုပ်အအေး
မိတာတွေ ပိုးဝင်ပြီးတော့ဖျားလာနိုင်တယ်။ နှလုံးက နောက်တစ်ခါ
ထပ်ဖောက်လာမယ်။အသက်အန္တရာယ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က
ဒီအခြေအနေမှာတော့ မခန့်မှန်းနိုင်ဘူး။ ရာခိုင်နှုန်းလည်း မပြောနိုင်သေးဘူး။
ပိုးဝင်လာရင်း မကောင်းဘူး။ ပိုးမ၀င်လာခဲ့ရင် ကောင်းတယ်။ အဲဒီတော့ ပိုးမ၀င်လာအောင်ပဲ ဆုတောင်းရမှာ။ အခုထိတော့ ပိုးဝင်လာမှာစိုးလို့ ပိုးသက်ဆေးလည်း ပေးထားတယ်။ သွေးပေါင်ချိန်က ၁၅၀/၇၀၊ နှလုံးခုန်နှန်း
က ပုံမှန် (၆၀)ရှိတယ်။ လိုတာတွေ အားလုံး ကိုတော့ လုပ်ပေးထားတယ်။
အရေးပေါ် ဗိုက်တွေ၊ ဘာတွေ ခွဲစိတ်တာတွေရတာတော့မရှိဘူး။
အခြေအနေကိုလည်း သေချာမခန့်မှန်းနိုင်သေးဘူး။ ၇၂ နာရီအထိ
စောင့်ကြည့်ရမယ်။ ၇၂နာရီပြည့်မှ အခြေအနေကို ပြောပြနိုင်မယ်”

News Watch(စောင့်ကြည့်သတင်းဂျာနယ်)