ယာဉ်မရပ်တန့်မီ ခုန်ချ၍ သေဆုံး

ပို့စ်တင်ချိန် - 3/21/2014 06:41:00 PM


နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ဘုရားအနီးတွင် ယာဉ်ပေါ်မှ ကလေးတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူသွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ လျှော်ချောင်းလေး ကျေးရွာမှ နတ်မောက်မြို့သို့ နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်နေ ဖြိုးမင်းသူ (၂၃)နှစ် မောင်းနှင် လာသော ၂ဂ/----- ဖောကားအဖြူရောင် ခေါင်းတိုယာဉ်သည် နတ်မောက်-စိုင်ကောင်း လမ်းအတိုင်း မောင်းနှင်လာစဉ် သမှုန်းကုန်းကြီး ဘုရားအနီးအရောက် ယာဉ်ပေါ်တွင် လိုက်ပါ လာသူ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီး ကျေးရွာအုပ်စု၊ လျှော်ချောင်းလေး ကျေးရွာနေ ထွန်းလင်းအောင် (၁၃)နှစ်သည် ယာဉ်မရပ်တန့်မီ ခုန်ချခဲ့သောေ ကြာင့် နှာခေါင်းမှ သွေးထွက်ဒဏ်ရာ ရရှိကာသတိလစ်သွား၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဖြိုးမင်းသူအား စိုင်ကောင်း နယ်မြေရဲစခန်းယာဉ် (ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar