လိင်တူမင်္ဂလာပွဲကိစ္စ မီဒီယာတွေအပေါ် ဦးအောင်မျိုးမင်းပြောဆိုချက်

ပို့စ်တင်ချိန် - 3/07/2014 09:30:00 AM

တလောက အွန်လိုင်းမှာရော၊ ပြည်တွင်း ဂျာနယ်တွေမှာပါ လိင်တူချင်း မင်္ဂလာဧည့်ခံပွဲ အကြောင်းဝေဝေဆာဆာ
ဖော်ပြကြပြီး၊ ဝေဖန်မှုတွေ၊ နောက်ဆက်တွဲ သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းရဲ့ တုံ့ပြန် ပြောဆိုထားချက်ပါ။


 လိင်တူစုံတွဲနဲ့ ဦးအောင်မျိုးမင်း၊ ဓာတ်ပုံ- ဦးအောင်မျိုးမင်း ဖေ့စ်ဘုတ်

ဦးအောင်မျိုးမင်းလည်း အဲဒီမင်္ဂလာဧည့်ခံပွဲ တက်ရောက်သူဖြစ်တော့ အဖြစ်အပျက်ကို  သူ့ဖေ့စ်ဘုတ် ကတဆင့် မီဒီယာတွေကို အခုလို ပြောဆိုထားပါတယ်။

မီဒီယာတွေရယ်.... စောင်ရေရောင်းကောင်းအောင် လုပ်မဖွကြပါနဲ့..
မဟုတ်တဲ့သတင်းတွေ တင်ပြီး စိတ်ဝင်စားအောင်မလုပ်ကြပါနဲ့...

မင်္ဂလာဆောင်ကို မီဒီယာတွေကို သတင်းမယူပါနဲ့လို့ မေတ္တာရပ်ခံပြီး တားမြစ်ရဲ့သားနဲ့ ပရိသတ်လို ဟန်ဆောင်ပြီး သတင်းတွေယူ ဓာတ်ပုံတွေ ရိုက်ခဲ့တာ မလုပ်သင့်ပါဘူး..

ဟော်တယ်မှာလုပ်တဲ့အခမ်းအနားက ဖိတ်ကြားထားသူသာတက်ရောက်ခွင့်ရှိတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်..

အခမ်းအနားကို ခိုးတက်ရောက်ပြီး သတင်းကို မှန်အောင်မရေးသားတာကလဲ ရှက်ဖို့ကောင်းပါတယ်... စကားပြောသူက ဘာပြောသွားလဲ... လက်ထပ်လက်စွပ်ပေးသူက ဘယ်သူလဲဆိုတာ မှားယွင်းစွာဖော်ပြခြင်းက သတင်းသမားရဲ့ အရည်အချင်းကို ဖြော်ပနေတာပါဘဲ..

သတင်းကို သတင်းအဖြစ်နဲ့ရေးသားတာမဟုတ်ဘဲ မုန်းတီးမှုဖြစ်စေတဲ့အရေးအသားမျိုးနဲ့ တဖက်သပ်ရေးတာလဲ မဖြစ်သင့်ပါဘူး.. သတင်းသမားတယောက်က ရှက်ဖွယ်အဖြစ်တို့ သိက္ခာကျစေတဲ့အပြုအမူဆိုတာတွေကို ကိုယ်တိုင်ရေးသားမသုံးစွဲသင့်ပါဘူး...

News နဲ့ Editorial တို့ feature တို့ကို ကောင်းကောင်းသဘောပေါက်သင့်ပါတယ်.. ခိုင်မာမှုမရှိဘဲ နောက်ဆက်တွဲတွေကို သို့လောသို့လောဖြစ်အောင် မရေးသားသင့်ပါဘူး..

ခေါ်ယူစစ်ဆေးနေပြီ ဖမ်းလိုက်ပြီဆိုတဲ့သတင်းတွေကို မဟုတ်ဘဲ ရေးသားခြင်းဟာ ပြန်တရား စွဲခံရ
လောက်အောင် တာဝန်ကြီးမားတယ်ဆိုတာကို သိစေချင်ပါတယ်.. မီဒီယာကို လေးစားပါတယ်.. ဒါပေမဲ့ မိဒီယာတွေကလဲ ကျင့်ဝတ်ကို လေးစားသင့်ပါတယ်....


The Irrawaddy