အထိုင်များသူများ ခါးကြောဆန့်သင့်

ပို့စ်တင်ချိန် - 3/19/2014 04:40:00 PM


တင်ပါးရိုးအထက်နဲ့ နံရိုးကြားမှာ Quadratus Lumborum လို့ခေါ်တဲ့ ကြွက်သားများ ရှိပါတယ်။ ယင်း ကြွက်သားများ ဟာ အထိုင် များရင် ပုံစံ တစ်ခုတည်း အချိန်ကြာကြာ တည်ရှိ နေရခြင်းကြောင့် ကြောရိုး ဝန်းကျင် တစ်လျှောက်ကို နာကျင် ကိုက်ခဲစေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အထိုင်များသူများ အနေနဲ့ ယင်း ကြွက်သား ကို ဆွဲဆန့်ဖို့ အတွက် ခါး အနည်းငယ် ဆန့်ခြင်း၊ ပုံစံ ပြောင်းခြင်း တို့ကို ပုံမှန် ပြုလုပ်ဖို့ လို အပ် ပါတယ်။ အကယ်၍ မဟုတ်ရင် အထိုင်များသူများဟာ ရက် အတော် ကြာလာရင် ခါးနာရောဂါ၊ ကျီးပေါင်းတက်ခြင်း၊ နဲ့နဲ့ နံရိုးအောက် အရိုးအကြော ကိုက်ခဲခြင်းများ ဖြစ်တတ် ပါတယ်။

ဒါကြောင့်မို့လို့ အထိုင်များသူများ အနေနဲ့ ခါးကြောဆန့်ခြင်း ကို အထိုင် ကြာ လာတဲ့ အခါတိုင်း QL ကြွက်သား တောင့်တင်းမှု မဖြစ်ရန် ဖြည်းဖြည်း သာသာ ပုံမှန်ပြုလုပ် ရန် လိုအပ် ကြောင်း ဆရာဝန်များ တိုက်တွန်းထား ပါတယ်။
.
Ref: medicfacts
အောင်ခမ်း (ရိုးရာလေး)