ရေခွန်ပေးရပြီး ရေမရတာဟာ သူပုန်တွေကို ဆက်ကြေးပေးနေရတဲ့ ရွာလိုဖြစ်နေတယ်

ပို့စ်တင်ချိန် - 3/11/2014 08:44:00 PM


လစဉ်ရေမီတာခနှင့် ရေခွန် ကြွေးကျန်ဟုအမည်တပ်ကာဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်ရေနှင့်  သန့်ရှင်းမှုအင်ဂျင်နီယာဌာနမှ လစဉ်ကောက်ခံနေသော်လည်း၊ ဂျိုးဖြူပိုက်မှ ရေမလာတော့သည် မှာ သုံးလခန့်ရှိပြီ ဖြစ်သဖြင့် ၄၉ ရပ်ကွက်၊ ငုဝါမြိုင် ၁၊ ၂၊ ၃ လမ်း များမှ ပြည်သူများအခက်ကြုံ၍ အ၀ိစိရေကိုဝယ်ယူသုံးစွဲနေရ ကြောင်း သိရသည်။

အဆိုပါရေနှင့် သန့်ရှင်းရေး ဌာန၀န်ထမ်းများက လဆန်းပိုင်း ရောက်တိုင်းခေါင်းစဉ်အမျိုးမျိုး တပ်ကာတစ်အိမ်လျှင် ၅၀၀ မှ ၃၀၀၀ အထိ ငွေကောက်ခံတတ် ကြပြီး၊ ရေမလာသည့်ကိစ္စကိုရပ် ကွက်နေပြည်သူများကမေးသည့် အခါ၎င်းင်းတို့မသိကြောင်းနှင့် တာဝန်  ခံကို သွားမေးရန်သာပြန်လည် ဖြေကြားတတ်ကြောင်း ရပ်ကွက်  နေပြည်သူများကပြောကြားကြ သည်။

ယင်းရပ်ကွက်မှ ငုဝါမြိုင် (၁) လမ်းတွင် နေထိုင်သည့်ဘ၀ ခရီးသည်နာရေးကူညီမှုအသင်း  အမှုဆောင်မစန်းပြည့်ကြည်က လည်း “ကျွန်မတို့က အခုရေခွန် လည်းမှန်မှန်ပေးရသေးရေကို အပြင်ကလည်းတစ်စည်သုံးရာ၊လေး ရာပေးပြီးဝယ်သုံးနေရသေးဆိုတော့ မိအေးနှစ်ခါနာဖြစ်နေပါတယ်။ ကိုယ့်အစိုးရကိုယ်အခွန်ပေးရတာ ကိစ်္စမရှိပေမယ့်၊ရေခွန်ပေးရပြီး ရေမရတာကသုပုန်တွေကိုဆက်ကြေး ပေးနေရတဲ့ရွာလိုဖြစ်နေပါတယ်”ဟု ဆိုသည်။

ရေနှင့် သန့်ရှင်းရေးဝန်ထမ်း မဝေခင်ကိုဖုံးဖြင့်မေးမြန်းရာ ရေ မလာတာသုံးလေးရက်ပဲရှိပါသေး တယ်ဟုငြင်းဆိုပြီး ရေမလာသည့်  အကြောင်းရင်းကိုရှင်းလင်းစွာဖြေ  ဆိုနိုင်ခြင်းမရှိပဲ တာဝန်ခံဦးသန်းအေး  ကိုသွားမေးစေလိုကြောင်းသာပြန် လည်ဖြေကြားခဲ့သည်။ ၎င်းတာဝန်  ခံ၏ဖုန်းနံပါတ်ကိုမရရှိသည့်အတွက်  ဆက်လက်မေးမြန်းခွင့်မရရှိခဲ့သော် လည်း၊ ရေပိုက်ပြင်ရန်ဟုဆိုကာ ငွေကြေးကောက်ခံမည်ဟုပြောဆို နေကြောင်းကိုတော့ ၄၉ ရပ်ကွက် ငုဝါမြိုင် (၁) လမ်းပြည်သူများက ပြောကြားလိုက်သည်။



ဇော်မြင့်
Hot News Journal