စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (video သတင်း)

ပို့စ်တင်ချိန် - 3/07/2014 09:03:00 PM


(မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း)

အမှတ်(၂၈) ရဲတပ်ရင်းဆောက်လုပ်ရန် မြေဧက ၁၀၀ ကျော် အင်အားသုံး သိမ်းယူနေခြင်းကြောင့် ဒေသခံ ရွာသားတွေနဲ့ ရဲအာဏာပိုင်တွေကြား ပဋိပက္ခဖြစ်ပွားလျက် ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာအနီး၊ မုံရွာ-ပုသိမ် ကားလမ်းမဘေး ၀ဲယာမှာရှိတဲ့ မြေတွေမှာ ရဲအင်အားသုံးပြီး မြေတူးစက်တွေနဲ့ ထန်းပင်တွေကို ထိုးချနေတာ တွေ့မြင်ရပါတယ်။ မနေ့က စတင်ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒေသခံ(၃)ယောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီမနက် ထပ်ဖြစ်တဲ့ ပဋိပက္ခမှာ ဒေသခံ(၅)ယောက် အဖမ်းခံရပြီး တယောက်ကို ကလေးအမေမို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်(၄)ယောက်ကို အချုပ်ကားနဲ့ တင်ခေါ်သွားပါတယ်။



(ရိုက်ကူး - မိုးမင်းဦး)

DVB TV News