လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် ရောဂါများကြောင့် တစ်ကမ္ဘာလုံး၌ လူခုနှစ်သန်း သေဆုံးခဲ့

ပို့စ်တင်ချိန် - 3/26/2014 01:11:00 PM


ကုလသမဂ္ဂ မတ် ၂၅

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ၌ လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသော ရောဂါဘယ
များကြောင့် ပြည်သူ ခုနစ်သန်း သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မတ် ၂၅ ရက်တွင် ပြောကြား သည်။

လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါဝေဒနာရှင်များ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင် နေရသည့် ဝေဒနာရှင်များနှင့် ကင်ဆာရောဂါဝေဒနာရှင် များအကြား ဆက်နွှယ်မှုရှိကြောင်း ဒဗလျူအိတ်ခ်ျအို ၏ လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

ကမ္ဘာတစ်ဝန်းတွင် လူအများ အသက်ဆုံးရှုံးရမှု ကိုဖြစ်ပေါ်စေသော ရောဂါများ အနက်အမှတ်စဉ် ၈ နေရာ ၌ လေထုညစ်ညမ်း မှု ရှိနေသည်။ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ ကျန်းမာရေး အကျိုးသက်ရောက်မှု ကို ဖြစ်ပေါ်စေသော လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတိပေးပြောကြားသည်။

လေထုညစ်ညမ်းမှုကြောင့် သေဆုံးရသူများထဲတွင် လူဦးရေခြောက်သန်း နီးပါးသည် အရှေ့တောင် အာရှဒေသ တွင်နေထိုင်သူများနှင့် ပစိဖိတ်ဒေသ အနောက်ပိုင်းတွင် နေထိုင်သူများဖြစ်ကြကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားသည်။

ကမ္ဘာပေါ် တွင် ဝင်ငွေအနည်းပါးဆုံးသာရရှိကြသော ဒေသများနှင့် အလယ် အလတ် ဝင်ငွေရရှိသော ဒေသများမှပြည်သူများအနက် ၃ ဒသမ ၆ သန်း သည် လေထုညစ်ညမ်းမှုကြောင့် ရောဂါဝေဒနာများ စွဲကပ်သေဆုံးရပြီး ယင်းတို့ အထဲတွင် ၂ ဒသမ ၆ သန်းသော ပြည်သူများ မှာ နေအိမ်ပြင်ပလေထု ညစ်ညမ်းမှု ကြောင့် သေဆုံးရသည်ဟု ဆိုသည်။

ပီတီအိုင်
MOI Webportal Myanmar