မဲဖောက်ပေးမည့် ဖုန်းကတ်များ ရောင်းကာ ကျေးရွာလမ်းခင်းနေမှု ကန့်ကွက်

ပို့စ်တင်ချိန် - 3/05/2014 06:19:00 PM


ရေခဲ(ပြည်)

ကျေးရွာလူထုထံ မဲဖောက်ပေးမည့် ဖုန်းကတ်များကိုရောင်းကာ ရွာလမ်းခင်းလိုက်သည့်အတွက် ကန့် ကွက်မှုများရှိလာသည်ဟု သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် သပြေလှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာတွင် ဖုန်းရောင်းရငွေဖြင့် လမ်းခင်းသည့်အပေါ် ကန့်ကွက်မှုများရှိလာရာ မတ်လ ၄ ရက်က ရှင်းလင်းရာတွင် ကျေးရွာလေးရွာက သဘောတူခဲ့ပြီး ကျန်ကျေးရွာ နှစ်ရွာက ကန့်ကွက်လိုက်သည်ဟု ဆိုသည်။

“မကျေနပ်တဲ့အုပ်စုနှစ်ခုက တိုင်တာ။ ခြောက်နေရာမှာ ခြောက်ကတ်ရောင်းပြီး အဲဒါကို သူတို့က လမ်း ခင်းတာပေါ့။ ကျောက်တွေလဲ ပုံပြီးသွားပြီလေ။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အား လုံး သဘောတူညီချက်နဲ့ လုပ်တာ။ ခြောက်ခုမှာ နှစ်ခုက မကျေနပ်လို့ အထောက်အကူပြုအဖွဲ့က ဖုန်း ကတ် နှစ်ကတ်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်”ဟု အထက်ပါ အမည်မဖော်လိုသူက ပြောသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး မတ်လ ၃ ရက် မွန်းလွဲ ၂ နာရီက သပြေလှကျေးရွာအုပ်စု ပိုက်တော ရွာဘုန်းကြီးကျောင်းတွင် သပြေလှကျေးရွာအုပ်စုတွင်ပါဝင်သော ရွာခြောက်ရွာမှကျေးရွာနေပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ အထောက်အကူပြုကော်မတီဝင်များရှင်း လင်းပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဖုန်းကတ်ခြောက်ကတ်ကို တစ်ကတ်လျှင် ကျပ်ခုနှစ်သောင်းခွဲဖြင့် ရောင်းချကာ သပြေလှကျေးရွာအုပ်စု ရှိ ပိုက်တောနှင့်ကြခတ်ရွာဆက်သွယ်သည့် လမ်းခင်းသည့်အတွက် ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုင်တန်း ခဲ့သည်ဟု သပြေလှကျေးရွာအုပ်စု ပိုက်တောကျေးရွာမှ အင်န်အယ်ဒီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သက်ဆိုင်ရာကိုလည်း တိုင်တယ်။ အဓိကထား လုပ်နေတဲ့လူကို ရဲစခန်းမှာ သွားတိုင်တာ ရဲစခန်းက အ ရေးမယူပေးဘူး။ ရောင်းတဲ့နေရာလည်း သိတယ်။ တစ်ကတ်ကို ခုနစ်သောင်းခွဲနဲ့ရောင်းတာ။ တိုင်လိုက် တော့မှ လမ်းခင်းမယ်လို့လုပ်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဆင်းလာတော့ လမ်းခင်းပေးလိုက်ပြီလို့ ပြော လိုက်တာ”ဟု ဆိုသည်။

ကျေးရွာများ ချထားပေးသည့် တယ်လီဖုန်းများရောင်းချကာ လမ်းခင်နေခြင်းနှင့်ပတ်သက်ပြီး သပြေလှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် မေး မြန်းခွင့်မရခဲ့ပေ။

Mizzima Burmese