အီးယူ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး မြန်မာနိုင်ငံ လာမည်

ပို့စ်တင်ချိန် - 3/17/2014 02:52:00 PM


ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ကာရဲလ်ဒဲဂုတ်ဟာ ရှေ့အပတ်က စပြီး ၄ ရက်ကြာ ခရီးစဉ်အတွင်း လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံကို လာမယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

ကြေညာချက်ထဲမှာ မတ် ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့ ခရီးစဉ်အတွင်း မြန်မာအပါအ၀င် ၃ နိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများနဲ့ ကုန်သွယ်ဆက်ဆံမှု မြှင့်တင်ရေးအတွက် ကုန်သွယ်ရေး အကြီးအကဲတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး မယ်လို့ ဖော်ပြထားပါတယ်။

ဗဟိုအစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရောက်ရင် အီးယူ- မြန်မာ ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်မယ်လို့လည်း သိရပါတယ်။

DVB Burmese