ဝနဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေးမယ်

ပို့စ်တင်ချိန် - 3/20/2014 12:49:00 PM

ဝသပ ၊ ဗမာပြည်တွင် အကြီးဆုံး သူပုန်အဖွဲ့ဟုဆို

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် uwsa ၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA ခေါ် မိုင်းလားတပ်ဖွဲတို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ဖို့ အတွက်

ဉီးသိန်းဇော် ဉီးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဒီနေ့ သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းဆွေးနွေးခဲ့ကြတဲ့ လိုင်ဇာဆွေးနွေးပွဲ၊ လော်ခီးလာဆွေးနွေးပွဲတွေမှာ ဝနဲ့ သူ့မဟာမိတ် မိုင်းလား အဖွဲ့တို့ မပါဝင်ခဲ့တဲ့ အတွက် အခုလို သီးခြား ဆွေးနွေးကြရတာဖြစ်ပါတယ်။

Uwsa ဟာ ဝပြည်နယ် သီးခြားတောင်းဆိုနေပြီး သူပုန်အဖွဲ့တွေအနက် လက်နက်အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။

BBC Burmese