လူဦးခေါင်းပုံနှင့် ၀က်ကလေးမွေးဖွား

ပို့စ်တင်ချိန် - 3/02/2014 04:08:00 PM



ကျော်ထူး၊ မန္တလေး၊ မတ်-၁

မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်း မြရေနံရပ်ကွက် ကြက်သွန်ဖိုနေ ဦးငွေအောင်-ဒေါ်ချိုတို့ မွေးထားသော ၀က်မက လူဦးခေါင်းပုံသဏ္ဌာန်ရှိ ၀က်ကလေးတစ်ကောင်ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီက မွေးဖွားခဲ့သည်။

အဆိုပါ ၀က်ကလေးသည်လူမျက်နှာနှင့်တူပြီး ထူးခြားချက်မှာ အပေါ် သွားသုံးချောင်းပါရှိခြင်း၊ဦးခေါင်းတွင် လူကဲ့သို့ဗွေပါရှိခြင်း၊ လူ့လည်ပင်းများ ကဲ့သို့လည်ရစ်များပါရှိခြင်း၊ မျက်လုံး၊ မျက်ခုံးမွေးသည် လူနှင့်ဆင်တူခြင်း၊ ဦးခေါင်းတွင် အမှတ်ပါခြင်း၊ လူလျှာကဲ့သို့ အပြားကြီးခြင်းတို့ ပါဝင်သည်။ ၀က်ကလေးသည် ၁၁ လအရွယ် ၀က်မကြီး၏ ပထမသားဖြစ်သည်။ ၀က်ကလေး၏ အသွင်သဏ္ဌာန်ထူးခြားချက်များကြောင်း ၈၉ လမ်း၊ ၁၂ လမ်းနှင့် ၁၄ လမ်းကြားတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက် ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ