အပင်များ တစ်သက်လုံး အသက်ရှင် စေမည့် နည်းလမ်းနဲ့ ဆေးပညာကို တွေ့ရှိ

ပို့စ်တင်ချိန် - 3/27/2014 12:12:00 PM


ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့ ကြိုးစား ဖန်တီး နိုင်ခဲ့မှုကြောင့် ဖြစ်ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင် မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရ ပါတယ်။

စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက်ရှင် နေသေးတာကို မြင်တွေ့ ရပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင်တဲ့ ဆေးရွက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက်ရှင် နေပြီး ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝ ပြောင်းလဲမှုမှ မဖြစ်ပါဘူး။

အပင်ရဲ့ ဟောင်းနွမ်းပြီး ကြွေကျသွားတဲ့ အရွက်တွေ နေရာအစား အရွက်သစ်များ ပြန်လည် ပေါက်ဖွားဖို့ ပင်စည်ကလည်း ကောင်းကောင်း အလုပ် လုပ်နေပါတယ်။ ဆက်လက်လည်း ရှင်သန် နေအုံးမှာကို လေ့လာ တွေ့ရှိ ခဲ့ပါတယ်။ ဒီအတွက် ၎င်းတို့ ကြိုးစား ဖန်တီးခဲ့တဲ့ ဇီဝ နည်းပညာနဲ့ ဆေးပညာကို အသုံးပြုလို့ စိုက်ပျိုးရေး နယ်ပယ်မှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ရင် သက်ရှိမျိုးသုန်းမှု တစ်ခုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ပြီး လူသား အတွက်လည်း အကျိုးပြုပါတယ်။

ဂျပန်မှာ ဆိုရင်လည်း တစ်သက်လုံး မသေနိုင်မယ့် အာလူးပင် မျိုးကို ကြိုးစား စိုက်ပျိုးနေပြီး သက်ရှင် အပင်ပြီးရင် သက်ရှိ လူသားအထိ အဆင့်ဆင့် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: cbsnews
Myawady News