ဓာတ်ပုံများကို ပြုပြင်ခဲ့သည့် ဝက်ဘ်ဆိုက်ကို တရားစွဲမည်ဟု ကိတ်အပ်တန် ခြိမ်းခြောက်

ပို့စ်တင်ချိန် - 3/11/2014 09:55:00 PM


ကိတ်၏ နာမည်ကျော် Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများကို အခြေခံကာ ဓာတ်ပုံနည်းပညာဖြင့် ပြုပြင်ပြောင်းလဲပြီး ယင်းဝက်ဘ်ဆိုက်က မဖွယ်မရာ ဓာတ်ပုံများအဖြစ် ဖန်တီးယူခဲ့ခြင်းဟု ဆိုသည်။

ကိတ်အပ်တန်က သူမ၏ ဓာတ်ပုံများကို ပြုပြင်ကာ ဝတ်လစ်စားလစ် ပုံများအဖြစ် ပြောင်းလဲဖန်တီးခဲ့သည့် ဝက်ဘ်ဆိုက်တစ်ခုကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ ကိတ်၏ နာမည်ကျော် Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများကို အခြေခံကာ ဓာတ်ပုံနည်းပညာဖြင့် ပြုပြင်ပြောင်းလဲပြီး ယင်းဝက်ဘ်ဆိုက်က မဖွယ်မရာ ဓာတ်ပုံများအဖြစ် ဖန်တီးယူခဲ့ခြင်းဟု ဆိုသည်။ TMZက ကိတ်၏ အပေါ်ပိုင်း ဗလာကျင်းနေသည့် ပုံများကို Celeb Jihad အမည်ရှိ အဆိုပါ ဝက်ဘ်ဆိုက်သည် ကိတ်၏ ဘီကနီဝတ် ဓာတ်ပုံများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ ဓာတ်ပုံများတွင် “Sports Illustratedရဲ့ (၂၀၁၄)ခုနှစ်အတွက် ကိတ်အပ်တန်ရဲ့ ဝတ်လစ်စားလစ် ဓာတ်ပုံတွေ”ဆိုသော စာသားမျိုးလည်း ရေးထိုးထားခဲ့သေးသည်။ ကိတ်၏ ဥပဒေရေးရာ အကြံပေးအဖွဲ့သည် အဆိုပါ ဓာတ်ပုံများက ကိတ်ကို ထိခိုက်နစ်နာစေကြောင်း ယူဆကာ တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဟု သိရသည်။ “ဒီဓာတ်ပုံတွေထဲက တစ်ပုံဆိုရင် ပြုပြင်မှုတွေ လုပ်ထားတာ သိသာလွန်းနေတယ်”ဟု ကိတ်၏ ရှေ့နေတစ်ဦးက ဆိုသည်။ Celeb Jihadမှ အတွင်းလူ တစ်ဦးကမူ Sports Illustrated၏ ဓာတ်ပုံများက ပျင်းရိငြီးငွေ့ဖွယ် ဖြစ်နေကြောင်း တုံ့ပြန်ဝေဖန်ခဲ့သည်။
သို့သော်လည်း ကိတ်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ နေရာတွင်မူ အခြားGraphicဓာတ်ပုံတစ်ခု ပြောင်းလဲထားရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။ Celeb Jihadသည် (၂၀၁၁)ခုနှစ်ကလည်း အမျိုးသမီးတစ်ဦး အပေါ်ပိုင်းဗလာကျင်း၍ လှဲလျောင်းနေသော ဓာတ်ပုံကို တေလာဆွစ်ဖ်ဟု ထင်ယောင်ထင်မှား စွပ်စွဲရေးသားခဲ့ဖူးသည်။ ထိုစဉ်ကလည်း တေလာသည် ကိတ်ကဲ့သို့ပင် ဒေါသပေါက်ကွဲကာ ချက်ချင်း ပယ်ဖျက်ပေးခြင်း မရှိပါက တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

Planet Myanmar Network