နိုင်/ကျဉ်းများ၏ညာလက်ပုံကျောက်ပတ်တီးလက်ပုံစံ လက်(၁၀၀၀) ပြည့်လျှင်အနုပညာပြခန်းတွင်ပြသသွားမည်

ပို့စ်တင်ချိန် - 3/31/2014 01:54:00 PM


မြန်မာနိုင်ငံဒီမိုကရေစီရေး အတွက် တောင်းဆိုရင်းဖမ်းဆီး ထောင်ချခြင်းခံခဲ့ရသူများ၏ညာ လက်ပုံကျောက်ပတ်တီးလက်ပုံစံ များကိုပန်းချီဆရာထိန်လင်းကစု ဆောင်းနေကြောင်းသိရသည်။

““ဒီမိုကရေစီကိုတောင်းဆိုရင်း မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ ရတဲ့လူတွေဟာအခုအချိန်မှာနေရာ မျိုးစုံကိုရောက်နေကြတယ်။ ဒီလို ရောက်နေတဲ့လူတွေဟာခေတ်စနစ် ပြောင်းလဲဖို့အတွက်တောင်းဆိုခဲ့ ကြတယ်။ ဒီလိုလက်ပုံစံတွေယူတဲ့ အချိန်မှာတစ်ချိန်တုန်းကတိုင်းပြည် ပြောင်းလဲဖို့အတွက်ထောင်ထဲမှာ နေခဲ့ရတဲ့အချိန်တွေကိုသတိရတန် ဖိုးထားတတ်ဖို့ဆိုတဲ့ရည်ရွယ်ချက် လည်းပါတယ်””ဟုပန်းချီဆရာ ကိုထိန်လင်းကပြောသည်။

မြန်မာပြည်တစ်ပြည်လုံးတွင် ဖမ်းဆီးထောင်ချခံခဲ့ရသူနိုင်ငံရေး အကျဉ်းသားများမှာ ၃၀၀၀ ကျော် သည့်အနက် ရန်ကုန်၊ မန္တလေး၊ သာယယ၀တီ၊ ပဲခူး၊ ပြည်မြို့များ ၌ရှိသောနိုင်ငံရေးအကျဉ်းသား များ ၃၀၀ ကျော်ကိုကျောက် ပတ်တီးလက်ပုံစံရယူပြီးဖြစ်ကြောင်း သိရသည်။

““ကျွန်တော်ဒီပရောဂျက်မှာ အနည်းဆုံးလက်ပုံစံ ၁၀၀၀ ကျော် ကိုရယူသွားမှာဖြစ်ပါတယ်။ ဒီလက် ပုံစံပရောဂျက်ပြီးသွားရင်၊ ဒီပရော ဂျက်မှာပါခဲ့တဲ့လူတွေရဲ့မိသားစု တွေကိုအရင်ဆုံးပြသသွားမှာဖြစ် ပါတယ်။ ကျွန်တောတို့ရဲ့ဒီပရော ဂျက်ကိုနိုင်ငံခြားမှာရှိတဲ့ကျြငကာ  တွေကဖိတ်ခေါ်ပြမယ့်အစီအစဉ် တွေရှိပါတယ်။ ဒီလိုပြသလို့ပြီးရင်၊ မြန်မာပြည်မှာ artmusium   တွေ မှာပြသဖို့လာရောက်အကြံပြုတဲ့ လူတွေရှိတယ်။ ကျွန်တော်အနေ နဲ့က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ကိုအနုပညာတစ်ရပ်အနေနဲ့ ဖန်တီးတာဖြစ်တဲ့အတွက်၊ artmu sium မှာပဲပြသသွားမှာဖြစ်ပါတယ်””  ဟု ၎င်းကထပ်ဆင့်ပြောသည်။

အဆိုပါလက်ပုံစံယူရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ထောင်ချခံရသူများအားလုံးကိုနိုင် ငံရေးအကျဉ်းသားဟုသတ်မှတ် သော်လည်းဖမ်းဆီးထောင်ချခံခဲ့ ရသူများ၏လက်များကိုသာအဓိက ထား၍ရယူနေကြောင်းသိရသည်။

မျိုးကျော်
BY HOTNEWS