နိုင်ငံရေးသမားတစ်ဦး “ဟေး ဟစ်တလာ”ဟု အော်ခဲ့သည့် အတွက် ရာထူးမှ နုတ်ထွက်ရ

ပို့စ်တင်ချိန် - 3/05/2014 05:50:00 PM


အေအက်ဖ်ပီ

ဝါဆော၊ မတ် ၎

ပိုလန်နိုင်ငံ အာဏာရပါတီ၏ ထိပ်တန်း နိုင်ငံရေးသမားတစ်ဦး အရက်မူးကာ ဂျာမနီအကောက်ခွန် အရာရှိ တစ်ဦးအား“ဟေး ဟစ်တလာ” ဟု အော်ဟစ်ခဲ့သည့်အတွက် တောင်းပန်မှုများပြုလုပ်ခဲ့ရပြီး ဥရောပ ပါလီမန် ရှိ ၎င်းပါတီအဖွဲ့ခေါင်းဆောင်နေရာမှလည်း နုတ်ထွက်ခဲ့ရကြောင်း မတ်လ ၄ ရက်က ရိုက်တာ သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

ထိပ်တန်းနိုင်ငံရေးသမားဖြစ်သူ ဂျက်ဆက်ပလိုတာစီဝက်ဇ်သည် ပိုလန်နိုင်ငံမြို့ တော်ဝါဆောမှ ဖရန့်ဖွတ်သို့ လေကြောင်း ဖြင့်ခရီးသွားနေစဉ် ၀ိုင်နှစ်ပုလင်း သောက်သုံးခဲ့ခြင်းဖြစ်ပြီး လေဆိပ်တွင် အကောက်ခွန်ဝန် ထမ်းနှင့်လည်း စကားများခဲ့ကာ လေဆိပ်မှ ထွက်ခွာခဲ့သည်။

ယင်းဖြစ်ရပ်မှာ ဒုတိယကမ်္ဘာစစ်တွင် ဂျာမနီက ပိုလန်အား သိမ်းပိုက်ထားမှုနောက်ပိုင်း ဂျာမနီနှင့် ပြန်လည် အဆင်ပြေနိုင်ရေးအတွက် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်ခ်က ဂျာမနီနှင့် ခိုင်မာသော ပူးပေါင်းမှုများ ပြု လုပ်ရန် ကြိုးစားဆောင်ရွက်နေမှုများကို အရှက်ရစေခဲ့သည်။

ဂျက်ဆက်ပလိုတာစီဝက်ဇ်က ၀န်ကြီးချုပ်အား ဥရောပပါလီမန် ရွေးကောက်ပွဲအတွင်း ၎င်းပါတီ၏ခေါင်း ဆောင်နှင့် ဥရောပ ပါလီမန်အတွင်း ပြည်သူ့အခြေပြုပါတီ ခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ပြည်သူ့ အခြေပြုပါတီ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Mizzima Burmese