ဒေသန္တရနင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၊ ဒေသခံပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 3/27/2014 11:24:00 AM


ကျောက်ကြီး မတ် ၂၆

ကျောက်ကြီးမြို့နယ် မြောင်ဦး ကျေးရွာနေ ဦးညွန့်တင်(၄၅နှစ်)သည် မိးသွေးဖုတ်ရန် ၎င်း ၏နေအိမ်မှထွက် ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်ကြီးမြို့နယ် ကျောက်အိုင်အနီးတစ်ဝိုက်သို့ ရောက်ရှိစဉ် ဒေသန္တရနင်းမိုင်းတစ်လုံးကို ၎င်း၏ဝဲခြေထောက်ခြေတုဖြင့် နင်းမိ ပေါက်ကွဲ ခဲ့သောကြောင့် ဝဲခြေထောက် ခြေတုမှာ စုတ်ပြတ်ခဲ့ပြီး ဒဏ်ရာရရှိ ခဲ့သဖြင့် ဆေးဝါးကုသမှုခံယူရန် ကျောက်ကြီးမြို့နယ် မုန်းတိုက် နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အလားတူ မတ် ၂၃ ရက် နံနက် ၇ နာရီက ကျောက် ကြီးမြို့နယ် မြောင်ဦးကျေးရွာနေ ဦးစိုင်းအောင်နိုင် (၄၅ နှစ်) သည် တစ်ရွာတည်းနေ ၎င်း၏သမီးများဖြစ်သည့် မသီတာအောင်၊ မအေးသီတာ၊ ဦးကျော်ဝင်းတို့နှင့်အတူ မီးသွေးများသယ်ဆောင်ရန် ၎င်း၏နေအိမ်မှ ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ် ဖိုးကျောက် ကြီးကုန်းအနီးသို့ ရောက်ရှိစဉ် ဦးစိုင်းအောင်နိုင် မှာ ဒေသန္တရနင်းမိုင်း တစ်လုံးကိုနင်းမိခဲ့သဖြင့် ဒဏ်ရာများ ရရှိသောကြောင့် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် သေဆုံးခဲ့ကြောင်းနှင့် မသီတာအောင်၊ မအေးသီတာ၊ ဦးကျော်ဝင်းတို့ တွင် ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရသည်။

MOI Webportal Myanmar