ခိုးကောင်ကျေးရွာ၌ နွားများသေဆုံး

ပို့စ်တင်ချိန် - 3/25/2014 12:39:00 PM


မော်လူး မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသ သူရောင်း ကျေးရွာအုပ်စု ခိုးကောင်ကျေးရွာတွင် မတ် ၂၂ ရက်က ဒေသခံ တောင်သူများ၏ နွားများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နွားများ သေဆုံးနေမှု အတွက် အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ကျော်မင်းဦး၏ ညွှန်ကြားမှု အရ ဒု-ဦးစီးမှူး ဒေါက်တာ ဝေဝေမင်းအောင်၊ ဒေါက်တာမြင့်သူတို့က လာ ရောက်၍ စစ်ဆေးခွဲစိတ် ကြည့်ရှုပြီး ခြေပုပ်လက်ပုပ် ရောဂါဖြစ်ကြောင်း ယူဆပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း ခိုးကောင်ကျေးရွာမှ ဒေသခံ တောင်သူများ၏ နွား ၃၃၁ ကောင်၊ သူရောင်း ကျေးရွာမှ ၂၈၂ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar