၁၅၀၀ ချစ်ခြင်းမှာ ၅၂၈ မေတ္တာပါပေါင်းပြီး ပျော်ရွှင်စေတဲ့အခါ

ပို့စ်တင်ချိန် - 3/04/2014 07:07:00 PM




ထက်ဆု on 2014-03-04 13:20    
          သင့်ကောင်လေးအတွက် ချစ်သူသက်သက်ပဲ ဖြစ်နေပြီး သူငယ်ချင်းတစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင် သူဟာ ချစ်ခြင်းသက်သက်ပဲ ခံစားရဖို့ရှိပြီး ပျော်ရွှင်လန်းဆန်းမှု ဆိုတာလေးတော့ ပျောက်ဆုံးနေတတ်ပါတယ်။ သူငယ်ချင်းဆိုတာ မျှတတဲ့သဘောနဲ့ ပေါင်းရသင်းရလွယ်ကူပြီး ဒိတ်လုပ်ဖို့ ပိုကောင်းတဲ့အရာပါ။ ချစ်သူကတော့ တစ်ခါတစ်လေမှာ serious ဖြစ်တတ်ပါတယ်။

ရိုးမန့်စ်ဆိုတာက အသည်းအသန်ဖြစ်တတ်ပြီး ဈေးကြီးတတ်တဲ့အရာဖြစ်ပေမယ့် သူငယ်ချင်းဆိုတာကတော့ ပွင့်လင်းပြီး အသွင်ပြောင်းလွယ်တဲ့ အရာဖြစ်တာကြောင့် သင့်အနေနဲ့ နှစ်မျိုးလုံး ပြည့်စုံနေတဲ့ ချစ်သူတစ်ဦး မဖြစ်လိုဘူးလား။ ဒီအချက်လေးတွေက သင့်ကို အကောင်းဆုံး ချစ်သူ တစ်ဦးရော သူငယ်ချင်းတစ်ယောက်ပါ ဖြစ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

(၁)     သူငယ်ချင်းတစ်ယောက်အဖြစ် ပွင့်လင်းပါ။

          ယောက်ျားလေးတွေက သူတို့ချစ်သူအနေနဲ့ သူတို့အပေါ် တစ်စုံတစ်ရာ ဖုန်းကွယ်ထားတယ်လို့ ခံစားမိရင် အလိုလို နှုတ်ဆိတ်သွားတတ်ပါတယ်။ ဒီအခါ ချစ်ခြင်းတစ်ခုဟာ သံသယတွေဖုံးလွှမ်းလို့ အေးစက်စက် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ သူငယ်ချင်းတစ်ဦးလိုပဲ ဖြစ်သမျှ ၊ ခံစားရသမျှကို မချွင်းမချန် ၊ မရှက်မကြောက် ပြောပြသင့်ပါတယ်။ ပွင့်လင်းမှသာ ပျော်ရွှင်မှုကို ခံစားရမှာပါ။

(၂)     သူ့ရဲ့လျှို့ဝှက်ချက်ကို နားထောင်ပြီး ထိန်းသိမ်းပါ။

          အမျိုးသမီးအချို့ နှုတ်ဖွာတတ်တာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒီတော့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ဖို့ သူ့အပေါ် နှုတ်လုံပြီး သစ္စာရှိရပါမယ်။ သူ့ရဲ့ လျှို့ဝှက်ချက် ၊ အားနည်းချက်၊ အားသာချက် မှန်သမျှကို သင်က အရာရာ ထိန်းသိမ်းထားပေးသင့်ပါတယ်။ သင့်ကို အရာရာ စိတ်ချလက်ချ တိုင်ပင်နိုင်ပြီဆိုမှတော့ သူရဲ့ ချစ်ခင်မှုအပြင် ရင်းနှီးမှုပါ ရယူထားနိုင်တာကြောင့် အကောင်းဆုံး သူငယ်ချင်းတစ်ဦး ဖြစ်နိုင်ပြီပေါ့။

(၃)     ၀ါသနာကို မျှယူပါ။

          မိန်းကလေးမို့ ယောက်ျားလေးနဲ့ အကြိုက်မတူဘူးလို့မပြောပါနဲ့။ သူနှစ်သက်တဲ့ အားကစား၊ ရုပ်ရှင်၊ ဂိမ်း စတာတွေကို သင်ကလည်း ပါဝင်ဆင်နွှဲပေးဖို့ ၀န်မလေးပါနဲ့။ သင်ခေါင်းလျှော် ၊ ဆံပင်ညှပ်တုန်းက မညည်းမညူ ထိုင်စောင့်ပေးခဲ့တဲ့ သူ့ကို သင်ကလည်းတဖန်ပြန်ပြီး လိုက်လျောပေးဖို့လိုပါတယ်။ သူဂိမ်းဆော့နေရင် ၊ ဘောလုံးပွဲကြည့်နေရင်၊ ဘတ်စကတ်ဘော ကစားနေရင် အအေးလေးဖျော် ၊ အသီးလေးခွာလို့ ဘေးနားကနေ စောင့်ကြည့် အားပေးနေသင့်ပါတယ်။ အများအမြင်မှာလည်း သင်တို့က ချစ်သူလိုသာမက သူငယ်ချင်းတွေလိုပါ လိုက်ဖက်ညီတဲ့ စုံတွဲပေါ့။

          ၁၅၀၀ ချစ်ခြင်းနဲ့ အပြည့်အ၀ ချစ်နေခဲ့ပြီး ဖြစ်ပေမယ့် ဖြူစင်ရိုးသားပြီး အရောင်ကင်းစင်တဲ့ ၅၂၈ နဲ့လည်း တစ်ခါတစ်ရံ ဆက်ဆံပေးကြည့်ပါဦး။ မွန်းကျပ်မှုတွေ တစ်ချိန်လုံးဖြစ်စေမယ့်အစား သူငယ်ချင်းလေး တစ်ယောက်လို နားလည်မှု ၊ ပျော်ရွှင်မှု ၊ တက်ကြွရွှင်လန်းမှုတွေနဲ့ ပြောင်းလဲသစ်လွင်တဲ့ ချစ်ခြင်းတစ်ခု ဖန်တီးကြည့်ပါဦး။

 Trend