လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအား သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးက နောင်အခါတွင် တိုက်ရိုက်ဖြေကြားပေးရန် လိုအပ်မည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းပြော

ပို့စ်တင်ချိန် - 3/07/2014 08:22:00 PM


နေပြည်တော်၊မတ် ၇
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအား သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးက နောင်အခါတွင် တိုက်ရိုက်ဖြေကြားပေးရန် လိုအပ်မည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။
သူရဦးရွှေမန်းက မတ်(၇)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
မတ်လ၇ရက်နေ့ကပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက မေးမြန်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း-ဖားကန့် လမ်းကို အဆင့်မြှင့်ပြုပြင်ရန်အတွက် ကျောက်မျက်ကုမ္မဏီများကို လုပ်ငန်းရှင်များ၏ ဆန္ဒမပါဘဲ ရန်ပုံငွေထည့်ဝင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက်သည် ဥပဒေနင့်ညီညွတ်မူ ရှိ/မရှိနင့် ရန်ပုံငွေထည့်ဝင်လိုခြင်းမရှိသော ကုမ္မဏီများကို မည်သည့်ဥပဒေအရ အရေးယူမည်ကို သိလိုကြောင်း မေးမြန်းမူကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄) ဒုတိယ၀န်ကြီး ဦးအောင်သိန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြန်လည်ဖြေကြားရာတွင် မေးခွန်းပါ အကြောင်းအရာနင့်ပတ်သတ်၍ လမ်းပိုင်းအပေါ် အစိုးရအဖွဲ့ ဆောင်ရွှက်ချက်များကိုသာ ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနင့် ပတ်သတ်ပြီး နောင်အချိန်မေးခွန်းတွင် ပါသည့်မေးမြန်းချက်ကို တိုက်ရိုက်ဖြေရန် လိုမည်ဟု ပြောလိုကြောင်းသူရဦးရွှေမန်းကအသိပေးခဲ့သည်။
“ထပ်ဆင့်မေးသည့်မေးခွန်းကိစ္စကို မေးသည့်မေးခွန်းအပေါ်တွင် မူတည်ပြီး တတ်ရောက်သည့် တာဝန်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ မဖြေနိုင်ပါကလည်း မဖြေနိုင်သေးကြောင်း ပြော၍ ရကြောင်း” ၄င်းကဆိုသည်။
နောင်အခါများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးသည့်မေးခွန်းတွင် မူလကတည်းက ပါရှိသည်ဆိုပါက မေးခွန်းကို ဖြေသည့်အခါတွင် မူလက မေးသည့်အကြောင်းအရာများ တစ်ခါတည်းဖြေရန် လိုအပ်မည် ဖြစ်ပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် ၀န်ကြီးဌာနအသီးသီးကို ပြည်ထောင်စုအစိုးရမှ လိုအပ်သလို ညွှန်ကြားနိုင်ရန်လည်း သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄)ကိုလည်း တဆင့် ယင်းကဲ့သို့ သာ ပြောကြားရမည် ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယင်းသို့ အသိပေးပြောကြားခဲ့သည်။
မေးခွန်းအား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် နိုင်ငံတော်သမ္မတရုံး ၊ အမှတ်(၄) ဒုတိယ၀န်ကြီးဖြေကြားချက်ကို ထပ်ဆင့်မေးမြန်းသည့်အနေနင့် သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက မေးခွန်းကို တိုက်ရိုက်မဖြေသွားဟု ယူဆရပြီး ယင်းအစီအစဉ်ကို ဖျက်လိုက်ပြီလားဟု ကုမ္မဏီများမှ ရန်ပုံငွေ တောင်းခံပြီး လုပ်ဆောင်မည့်အစီအစဉ်သည် ဥပဒေနင့်မညီသည့်အတွက်ကြောင့် ဖျက်လိုက်ပြီလားဟု ရှင်းရှင်းလင်းလင်း သိလိုသည်ဟု သမ္မတရုံး ၊ ဒုတိယ၀န်ကြီးကို ထပ်မံမေးမြန်းခဲ့သည်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄) ဒုတိယ၀န်ကြီး ဦးအောင်သိန်းက မေးသည့်မေးခွန်းနင့် ပတ်သတ်ပြီး မိမိသည် ကချင်ပြည်နယ်အစိုးရ၏ ကိုယ်စား ဖြေကြားချက်ကို လာရောက်ဖြေကြားရခြင်း ဖြစ်ပြီး ယခုမေးသည့်မေးခွန်းကို အဖြေတွင် လုံးဝပါရှိခြင်းမရှိကြောင်းနှင့်သဘောထားမှာ မဖြေချင်၍ မဖြေဘဲနင့် ဖြေနိုင်သည့်ကို ဖြေသွားသည့် သဘောမျိုး ယူဆသောကြောင့် အသေးစိတ် သိချင်ပါက ကချင်ပြည်နယ်အစိုးရအား ပြန်လည်မေးမြန်းပြီး ဖြေကြားသွားမည်ဟု ရှင်းလင်းဖြေကြားခဲ့သည်။
ထိုအခါ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ထပ်မံ၍ ပြောကြားခဲ့ရာတွင် အဓိကအားဖြင့် ပြည်သူလူထု လုပ်ငန်းရှင်များသည် ပွင့်လင်းမြင်သာမူ ရှိစေချင်ခြင်းကြောင့်ဖြစ်ပြီး ယခုကောက်ခံသည့် ငွေများသည် အဆမတန်များနေကြောင်း ကုန်ကျမည့်ငွေသည်လည်း အမှန်တကယ် ပြောမည်ဆိုပါက ထိုကဲ့သို့ ကုန်ကျမည်မဟုတ်ပါ ထိုကြောင့် နောင်တွင် မည်သည်တို့ ကို လုပ်သည်ဖြစ်စေ ၊ အစိုးရအဖွဲ့ သော်လည်းကောင်း ပြည်သူလူထုသော်လည်းကောင်း ဥပဒေနင့်အညီသာ လုပ်ကိုင်ဆောင်ရွှက်ရန် ဖြစ်သည်။
ထိုကြောင့် မိမိတို့ သည် ဥပဒေနင့်မညီသော ကိစ္စများဆိုပါက ရပ်တန်းမှ ရပ်ရန် လိုသည့်အကြောင်းနင့် ပွင့်လင်းမြင်သာရှိရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၀န်ကြီးချုပ်ကိုယ်တိုင် လွှတ်တော်တွင် လာရောက်ပြီး ဖြေကြားရန် လိုမည်ဆိုပါကလည်း လာရောက်ပြီး ဖြေကြားပေးရန် ဖြစ်ပါသည်ဟုဦးရဲထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည် ယင်းကိစ္စနင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သက်ဆိုင်ရာဝန်ကြီးချုပ်က တိုက်ရိုက်လာဖြေရန်ဆိုသည့်ကိစ္စသည် လွှတ်တော်ဥက္ကဌ ဆောင်ရွှက်ရမည့် ကိစ္စမဟုတ်ကြောင်း သက်ဆိုင်ရာ အစိုးရမှသာ စီစဉ်ပေးရမည့် ကိစ္စဖြစ်သည့်အတွက် ထပ်ဆင့်မေးသည့်မေးခွန်းအား ဖြေမည်ဆိုပါက သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအစီအစဉ်နင့် ဖြေဆိုရန် ဖြစ်ပါသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။စိုင်းလမင်း

Popular Myanmar News Journal